ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုကော်မတီဆွေးနွေးပွဲမှာ တစ်ခုတည်းသောကတိက၀တ်အတိုင်း ဆောင်ရွက်ရန်ဆွေးနွေး။
နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၉ ရက်ကြာဆွေးနွေးပွဲက ဖြေရှင်းဖို့ရှိတဲ့ကိစ္စတွေနဲ့ ဒိုဟာဆွေးနွေးပွဲက ဆောင် ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားသင့်တယ်လို့ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ဒဗလျူ တီအိုအဖွဲ့ဝင်များကပြောကြားခဲ့ပါတယ်။
ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုကော်မတီဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးပွဲမှာ ဒဗလျူတီအို အထွေထွေ အတွင်းရေးမှူးပါစကယ်လာမီပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းကို အဖွဲ့ဝင်တွေက ထပ်မံပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်တစ်ဆင့်မှာ''စုပေါင်းတာဝန်ယူမှု''ကို ဆောင်ရွက် သွားဖို့မစ္စတာလာမီက ပြောကြားခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ မသက် ဆိုင်တဲ့ ဈေးကွက်ဆက်သွယ်မှုတွေကိုထိန်းသိမ်းဆောင်ရွက်သင့်တယ်လို့ မစ္စတာလာမီကပြောကြားခဲ့ပါတယ်။ပုံမှန်ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးပွဲက၀န်ကြီးများ အချင်းချင်းရင်းရင်းနှီးနှီးဆွေးနွေးနိုင်အောင်ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။
အခုကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ သြစတြေးလျ၊ ဘရားဇီး၊ တရုတ်ပြည်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိ ကန်ပြည်ထောင်စုက ၀န်ကြီး ၇ ဦးလည်းပါဝင်ပြီးဆွေးနွေးပွဲရလဒ်ကို ကိုယ်စားလှယ် ၃၀ ခန့်ပါဝင်တဲ့ အစည်း အဝေးမှာတင်ပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နေ့စဉ်လိုလိုတင်းပြည့်အဖွဲ့ဝင်တွေရဲ့အလွတ်သဘော အစည်းအဝေးတွေ ကျဆင်းခဲ့ပါ တယ်။
မစ္စတာလာမီနဲ့အနီးကပ်ပူးတွဲဆောင်ရွက်ခဲ့တဲ့သူတွေကတော့ ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဆွေးနွေးပွဲတွေကို သဘာပတိအဖြစ်ဆောင်ရွက်တဲ့နော်ဝေးနိုင်ငံခြားရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး၊ လယ်ယာစိုက်ပျိုး ရေးမဟုတ်တဲ့ဈေးကွက်ဆက်သွယ်မှု (NAMA) ညှိနှိုင်းဆွေးနွေးပွဲတွေမှာ သဘာပတိအနေနဲ့ဆောင်ရွက်ခဲ့ တဲ့တို့အပြင် အထွေထွေ ကောင်စီသဘာပတိတို့ပဲဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ကမစ္စတာလာမီတင်သွင်းခဲ့တဲ့ ''Singalling Conference'' on Services အစီရင်ခံစာနဲ့ အတူ စိုက်ပျိုးရေးနဲ့စိုက်ပျိုးရေးမဟုတ်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက် တဲ့ အစီရင်ခံစာကို မကြာမီဖြန့်ဝေမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (Trade Negotiations Committee) ကိုတင်ပြထားပြီးဖြစ်တဲ့ Reprots on Other Doha Round Subjects အစီရင်ခံစာနဲ့အတူ ဒီအစီရင်ခံစာတွေကို ပူးပေါင်းထားမှာဖြစ်ပါတယ်။
ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုကော်မတီဆွေးနွေးပွဲမှာ ဒဗလျူတီအိုအဖွဲ့ဝင် ၁၅၃ နိုင်ငံက ကိုယ်စားလှယ်တွေပါ ၀င်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေကို ဒဗလျူအထွေထွေ အတွင်းရေးမှူး ပါစကယ်လာမီက သဘာပတိအနေနဲ့ဆောင် ရွက်မှုတွေနဲ့ပတ်သက်ပြီး TNC သဘာပတိက အထွေထွေကောင်စီ (General Council) ကိုအစီရင်ခံခဲ့ပါတယ်။
ဒိုဟာဆွေးနွေးပွဲမှာပါတဲ့ နယ်ပယ်အားလုံးအတွက်ရရှိထားတဲ့ရလဒ်တွေကို ''အခြေတကျဖြစ်ပြီး'' တဲ့ အချိန်ထိ ဒိုဟာဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့အတကြောင်းအချက်တွေကို ဆုံးဖြတ်ချက်မချမှတ်ဖို့ ၀န်ကြီးတွေက ဒိုဟာမှာသဘောတူညီခဲ့ပါတယ်။ ''တစ်ခုတည်းသောကတိက၀တ်'' ''Single Undertaking''လို့ခေါ်တဲ့ဒီိအခြေခံမှု ရဲ့သဘောကတော့ အားလုံးကိုသဘောတူညီမှုမရခင် ဘာကိုမျှသဘောတူညီမှုမပြုစတမ်းဆိုတဲ့သဘောပါပဲ။
တင်ပြသူ။ ဒေါက်တာထိန်လင်း
ဇစ်မြစ်။ WTO website (1-8-08)
|