MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (04 - 08 - 08)

စပါးအတွက်ကောင်းပြီးအခြားသီးနှံတွေအတွက်မကောင်းတဲ့အိန္ဒိယမိုးရေချိန် ။

မုတ်သုန်မိုးအတော်ကြာကြာ မရွာဘဲရှိနေပြီးတဲ့နောက် မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဟာ စပါးစိုက်ပျိုးမှုအတွက်တော့ သတင်းကောင်းဖြစ်ပေမဲ့ တခြား သီးနှံတွေအတွက်တော့ မျှော်လင့်ချက် နည်းနည်းပဲရှိတယ်လို့ ခရိုင်လယ်ယာစိုက်ပျိုးရေးအရာရှိများက ပြောကြားခဲ့ပါတယ်။ မိုးက ခရိုင်အရှေ့ပိုင်းတွေထက် အနောက်ပိုင်းမှာ ပိုရွာခဲ့ပြီး၊ စိုက်ပျိုးနိုင်တဲ့မြေတွေကတော့ အရှေ့ပိုင်းမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။
မိုးရွာတဲ့နေရာတွေမှာ စိုက်ပျိုးမှုတွေပိုတိုးတက်ခဲ့ပါတယ်။ စပါးပျိုးပင်တွေကိုပြောင်းလဲ စိုက်ပျိုးတာဟာ ၃ ရက်ကျော်လောက်ဖြစ်သင့်တယ်လို့ Pune ခရိုင်၊ Superintendent Agriculture Officer ဖြစ်တဲ့ Ravindra Bhosale ကပြောပါတယ်။ လယ်သမားတွေက စပါးပျိုးပင်တွေကို ပြောင်းလဲစိုက်ပျိုးမှု ပြီးစီးနိုင်တာကြောင့် ဆန်ထုတ်လုပ်မှုကတော့ ကျေနပ်ဖွယ်ရာဖြစ်မယ်လို့လဲ သိရပါတယ်။ bajra က တခြားသီးနှံတွေကတော့ စိုက်ပျိုးမှုက အလွန်နဲပါတယ်။ မီုးသီးနှံစိုက်ပျိုးမှုဟာ တစ်လလောက်နောက်ကျခဲ့လို့ လယ်သမား တွေအတွက် အခုမှ စိုက်ပျိုးမှု စဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ စိုက်ပျိုးပြီးတာတွေကလွဲလို့ အခုစစိုက်ရင်လဲ နောက်ပိုင်းမှာ မိုးသီးနှံ နောက်ကျတဲ့အတွက် ဆောင်းသီးနှံကိုလဲ ဆုံးရှုံးမယ်လို့ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအရာရှိ Hanumant Laxman Kudale ကပြောခဲ့ပါတယ်။ Kudale က စပါးစိုက်ပျိုးမှုဟာ ၄၀ ရာခိုင်နှုန်းပဲ ပြီးစီးသေးပေမယ့် ၉၀ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးကြ လိမ့်မယ်ဆိုပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှုကတော့ လက်ရှိ ၂၆ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်နိုင် ပါတယ်။ ပဲတီစိမ်း (ရွှေဝါ)ကတော့ (၂၀ ရာခိုင်နှုန်း)၊ ဆီထွက်သီးနှံနေကြာကတော့ (၅၅ ရာခိုင်နှုန်း) မျှော်လင့်ချက် နည်းနည်းရှိပါတယ်။ အရှေ့ပိုင်းဒေသတွေနဲ့မတူပဲ အနောက်ပိုင်းဒေသတွေမှာ မိုးရေချိန် ကောင်းကောင်းရတယ်လို့ Agriculture Meteorology Division, IMD မှ ဒါရိုက်တာဖြစ်သူ Dr N Chattopadhyay ကပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက် အနည်းငယ်က မိုးကောင်းကောင်းရပါတယ်။ ဒါပေမဲ့ နောက်ကျနေပြီဖြစ်လို့ လယ်သမားတွေကို ကာလတိုစိုက်ရတဲ့ ပဲစင်းငုံအမျိုးအစားကို စိုက်ဖို့အကြံပေး ထားပါတယ်။ နောက် ၅ ရက်မှာလဲ မိုးရေချိန်ကောင်းကောင်းရတာမြင်ရမှာပါလို့လဲ ထပ်လောင်းပြောကြားခဲ့ပါတယ်။

နှင်းသစ္စာ
Source: expressindia.com