ကမ္ဘောဒီးယားနှင့် ထိုင်းကုန်သွယ်မှုအခြေအနေ ပုံမှန်ဖြစ်ပေါ်လျက်ရှိ။
ကမ္တောဒီးယားနိုင်ငံမှာ သြဂုတ်လမှ စက်တင်ဘာလအတွင်း ထိုင်းကုန်စည်ပြပွဲ ၃ ခုမှ ၄ ခုကျင်းပဖို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယား (ဘန်ကောက်နယ်နိမိတ်) ပြဿနာများ နဲ့ ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထိုင်းကုန်စည်ပြပွဲ သွားရောက် ကျင်းပဖို့ အခြေအနေကိုစောင့်ကြည့်နေကြပါတယ်။ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး များ ပုံမှန်ရှိနေပြီး ကမ္ဘောဒီးယား နိုင်ငံက ထိုင်းထုတ်လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကိုလည်း အများအပြားဝယ်ယူလိုကြပါတယ်။ အထက်ပါကိစ္စရပ်တွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုထိခိုက်မှု မရှိနိုင်ဘူးလို့ ထိုင်းပို့ကုန်ဦးစီးဌာန၊ ဒုဦးစီးမှူး Ms ဆွမ်ကျမ်က ပြောကြားခဲ့ပါတယ်။
ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် (ACMECS) ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ပါက အကျိုးအမြတ်များရရှိမှာ ဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးနိုင်းဝီလွတ်ဒေးချဖိုင်းဘွန်းကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ ပထမ ၆ လနှစ်ဝက်အတွင်းမှာ ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ်ကူးသန်းရောင်းဝယ်ရေးကတော့ အမေရိကန်ဒေါ်လာ ၁၂၀၀ ခန့်ရှိ၍ ၇၀ ရာခိုင်နှုန်းမြှင့်တက်လာတာကို တွေ့ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံး၊ သံအမတ်ကြီးအကြံပေးအမျိုးသမီးကျည်းလှနန်ဝုန်းမုန်းခွန်ကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အားလက်ရှိဖြစ်ပေါ်နေတဲ့ နယ်စပ်ပြဿနာများကို ပြန်လည်ဖြေရှင်းနိုင်မှာ ဖြစ်ပြီး၊ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များရဲ့ ရောင်းဝယ်မှု များလည်း ပုံမှန်ဖြစ်နေတယ်လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌ နိုင်ဆွမ်စပ်ရင်းလိန်းဆင်က ပြောကြားခဲ့ ပါတယ်။
Source: နကသ (မြ၀တီ)
သိန်းထွန်းဦး
|