readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


မော်တော်ယာဉ်နှင့်ပတ်သက်သော သတင်းများ
ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ် Model နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်း

     ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ် Model နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ကိုယ်တိုင်လာရောက်လျှာက်ထား ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ နေ ပြည်တော်ရုံးချုပ်တွင် သာမက ရန်ကုန်တိုင်းဒေသကြီးရုံးခွဲအမှတ်၊ ၂၂၈-၂၄၀၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ တွင် ၃၀-၇-၂၀၁၂ ( တနင်္လာနေ့ ) မှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကိုယ်တိုင်လာရောက် လျှောက်ထား သူများအနေဖြင့် အောက်ပါ အထောက်အထားစာရွက်စာတမ်းများ ပါရှိရပါမည် -

     (က) မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန် လျှောက်လွှာနှင့် ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်

     (ခ) မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ် မူရင်းနှင့် မိတ္တူ

     (ဂ) ဘဏ်စာအုပ် မူရင်းနှင့် မိတ္တူ

     (ဃ) အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ

     (င) တင်သွင်းမည့် မော်တော်ယာဉ် Invoice မူရင်း

    (စ) မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုခဲ့ သည့် စာရင်းခေါင်းစဉ်တွင် ပါဝင်သော သင်္ဘောသားများ ၊ နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်သည့် အလုပ်သမားများ ၊ နိုင်ငံခြားသံရုံးများတွင် တာဝန် ထမ်းဆောင်ခဲ့သော ၀န်ထမ်းများအပါအ၀င် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ခွင့်ပြု ပါမစ်ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်

 
၂၀၀၇ ခုနှစ်မော်ဒယ်နှင့်အထက် မော်တော်ယာဉ် တင်သွင်းရာတွင် လိုအပ်သည့် အချက်များ

                   ၂၀၀၇ ခုနှစ် မော်ဒယ်နှင့်အထက် မော်တော်ယာဉ်တင်သွင်းရာတွင် လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ နေပြည်တော်နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ရန်ကုန်မြို့တို့တွင် လာရောက်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို Attaced File တွင် အသေးစိတ် ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်

 
ကားအဟောင်းလဲလှယ်ရာတွင် မော်ဒယ်သတ်မှတ်ချက်မရှိဘဲတင်သွင်းခွင်ပြုလိုက်ပြီ

နေပြည်တော်၊ ဇန်န၀ါရီလ ၁၀ ရက်

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသည် ကားအဟောင်းလဲလှယ်ကာ အစား ထိုးမော်တော်ယာဉ်တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကားများ၏ ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သတ်မှတ်၍ယခင်ခွင့်ပြုထားသည့်အတိုင်း ဘယ်မောင်း/ ညာမောင်းမခွဲခြားဘဲ Reconditioned/Brand New မော်တော်ကားများကို ဇန်န၀ါရီလ (၂) ရက်နေ့မှ စတင် ကာ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

အစားထိုးမော်တော်ယာဉ်လဲလှယ်ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ ၁၃၅၀ CC နှင့်အောက်မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ ၂၀၁၀ ခုနှစ် အထိ မော်ဒယ်ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့်ခွင့်ပြုသွားမည်ဖြစ်သည်။

ထို့အတူ ပို့ကုန်/သွင်းကုန်ကုမ္ပဏီများ၊ ကျေက်မျက် ကုမ္ပဏီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ၊ နိုင်ငံခြားသင်္ဘောသားများ၊ ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သော လူစီးကားများကို ဘယ်မောင်း/ညာမောင်းမသတ်မှတ်ဘဲ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 
<< Start < Prev 1 2 3 Next > End >>

JPAGE_CURRENT_OF_TOTAL