|
လူနာတင်ယာဉ်အားလက်ရှိတင်သွင်းခွင့်ပြုမှုအခြေအနေ
လူနာတင်ယာဉ်များအား တစ်ဖက်နိုင်ငံမှ ပြည်တွင်းရှိလူမှုရေးအသင်းအဖွဲ့များ အတွက်လှူဒါန်းခြင်း၊ ပြည်တွင်း အလှူရှင်များမှ စုပေါင်းလှူဒါန်းခြင်းအတွက် အောက်ပါအချက် အလက်များပြည့်စုံပါက ခွင့်ပြုမည်ဖြစ်ပါသည်။
(က) သက်တမ်းရှိမှတ်ပုံတင်အဖွဲ့အစည်းဖြစ်ရပါမည်။
( ခ ) Invoice တင်ပြရပါမည်။
( ဂ ) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ပါရှိရမည်။
(ဃ) သတ်မှတ်မော်ဒယ်ဖြစ်ရပါမည်။ (၁၉၉၇-ခုနှစ်မှ ၂၀၁၃-ခုနှစ်အတွင်း )
( င ) လူနာတင်ယာဉ်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိရမည်။
( စ ) ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံများ/ဆေးပေးခန်းများအတွက် လှူဒါန်းသော လူနာ
တင်ယာဉ်များတင်သွင်းခွင့်အား ကျန်းမာရေးဝန်ကြီးဌာနအမည်ဖြင့်လျှောက်ထားရပါမည်။
(ဆ) တစ်ဖက်နိုင်ငံလှူဒါန်းစာ သို့မဟုတ် ပြည်တွင်းအလှူရှင်အသင်းအဖွဲ့၏ လှူဒါန်းစာပါရှိရမည်။
( ဇ ) ဆက်သွယ်ရန်ဖုန်းနံပါတ်ပါရှိရမည်။
( ဈ ) အထက်ပါအချက်အလက်များပြည့်စုံပါက ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊သွင်းကုန်လုပ်ငန်းဌာနခွဲ၌
လာရောက်လျှောက်ထားရမည်။
အင်ဂျင်ပါဝင် (၆၆၀) စီစီရှိသော Suzuki Carry ကဲ့သို့ Mini Truck များအား Mini Box Truck အနေဖြင့် လျှောက်ထားမှုကိစ္စ
အင်ဂျင်ပါဝင် (၆၆၀) စီစီရှိသော Suzuki Carry ကဲ့သို့Mini Truck များအား (Box အပါအ၀င်) Mini Box Truck အနေဖြင့် လျှောက်ထားလာပါက ၂၀၀၃ ခုနှစ်မော်ဒယ်မှ ၂၀၁၂ ခုနှစ်မော်ဒယ်အထိ USD 5000 ဖြင့် သတ်မှတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း One Stop Services အဖွဲ့မှ ဆုံးဖြတ်ခဲ့ပါသည်။
(၁၀) ယောက်စီးမှ (၁၅) ယောက်စီးအထိ Mini Bus လျှောက်ထားရာတွင်သိရှိရန်အချက်များ
(၁၀) ယောက်စီးမှ (၁၅) ယောက်စီးအထိ Mini Bus (ဘယ်မောင်း) များအားရာသက်ပန်အနီဖြင့် ပြေးဆွဲခြင်းအတွက် Bus အခွန်နှုန်းထားဖြင့် ဆောင်ရွက်ရန်နှင့် သွင်းကုန် လိုင်စင်/ပါမစ်တွင် “Mini Bus များအား ထာဝရအငှား (ဘယ်မောင်း) အနီဖြင့် မှတ်ပုံတင်ရန်” ဟုမှတ်ချက်ထည့်သွင်းပေးပြီး၊ကိုယ်ပိုင်နှင့်ကုမဏီများမှ (၁၀) ယောက်စီးမှ (၁၅) ယောက် စီးအထိ Mini Bus (ဘယ်မောင်း။ညာမောင်း) များအားလူစီးယာဉ် အခွန်နှုန်းထားဖြင့် ပေးဆောင်မည်ဆိုပါက သွင်းကုန်လိုင်စင်/ပါမစ်တွင်”ကိုယ်ပိုင်နံပါတ် အနက်ဖြင့် မှတ်ပုံတင်ရန်” ဟု မှတ်ချက်ထည့်သွင်း ပေးရန် One Stop Services အဖွဲ့မှ ဆုံးဖြတ်ခဲ့ပါသည်။
လူပုဂ္ဂိုလ်တစ်ဦးခြင်း မော်တော်ယာဉ်တစ်စီး ခွင့်ပြုသည့်အစီအစဉ်တွင် သွင်းကုန်ပါမစ် ပြင်ဆင်ချက်ဆောင်ရွက်မှုတွင် သိရှိရမည်အချက်များ
Normal စနစ်ဖြင့်သွင်းကုန်လိုင်စင်ခွင့်ပြုရာတွင် သွင်းကုန်လိုင်စင်ပြင်ဆင်ခြင်းအား ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းစာအုပ်၏ ပြဌာန်းချက်အရ အပိုင်း(၆) ၊ စာမျက်နှာ(၄၉)တွင် သွင်းကုန်လိုင်စင် ခွင့်ပြုချက်မရရှိမီ ကြိုတင် သင်္ဘောတင်ခြင်းအား ခွင့်မပြုသဖြင့် ပြင်ဆင်ချက်ဆောင်ရွက်ရာတွင် “သင်္ဘောမတင်မီ ပြင်ဆင်ခြင်းဖြစ်မှသာ အတည်ဖြစ်သည်” ဟူသော မှတ်ချက်ဖြင့် ပြင်ဆင်ချက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးခြင်း မော်တော်ယာဉ်တစ်စီး ခွင့်ပြုသည့်အစီအစဉ်နှင့် ယာဉ်အိုယာဉ်ဟောင်းအစားထိုးပါမစ် ထုတ်ပေးမှုအစီ အစဉ်တွင် သွင်းကုန်ပါမစ်ပြင်ဆင်ချက် ဆောင်ရွက်ရာ၌ “အကောက်ခွန်ရှင်းလင်းခြင်း မဆောင်ရွက်မီကာလအထိ ပြင်ဆင်ခြင်း ဖြစ်မှသာအတည်ဖြစ်သည်” ဟူသော မှတ်ချက်ဖြင့် ပြင်ဆင်ချက်ဆောင်ရွက်ပေးလျှက် ရှိပါသည်။ သွင်းကုန် ပါမစ်တွင် အကောက်အခွန်ဦးစီးဌာနမှ ID ဖွင့်လှစ်ပြီးကြောင်းရေးသွင်းပြီး ပါက ပြင်ဆင်ချက် ဆောက်ရွက်ခြင်းအား ခွင့်ပြုနိုင်မည် မဟုတ်သည့်အတွက် ယာဉ်တင်သွင်းသူများမှ မိမိထံသင်္ဘောတင် စာရွက်စာတမ်းများ BL နှင့် Cancellation စာရွက်စာတမ်းများအရ ကွဲလွဲမှု ရှိ/မရှိ သေချာစွာ ဂရုပြု စစ်ဆေး၍ လိုင်စင်နှင့်ကွဲလွဲချက်များအား အချိန်မီပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါသည်။ |