readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


ပြည်ပဈေးကွက်သတင်းများ
ကမ္ဘာဆန်မွှေးဈေးတည်းသို့ ၀င်ရောက်လာသော ဗီယက်နမ်

ဗီယက်နမ်သည် သာမာန်ဆန်အမျိုးအစား (IR50404) စိုက်ပျိုးမှုမှာ ဆောင်းသီးနှံ စိုက်ပျိုးမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိပြီး ဆန်မွှေးဈေးနှုန်း မှာ သာမာန်ဆန်အမျိုးအစားဈေးနှုန်းထက် ၂ ဆ ပိုမြင့်တဲ့အတွက် ဆန် တင်ပို့သူများက ဆန်မွှေးဈေးနှုန်းကို ဦးတည်လာပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်းThe Vietnam Food Association (VFA)အား တောင်သူ များထံမှ ၃ လစာ ဆန်စုဆောင်းဖို့အတွက် အတိုးမဲ့ချေးငွေ ချေးငှားပေးမယ့် အစိုးရရဲ့ အကြံပြုချက်ကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

 
ကမ္ဘောဒီးယားနိုင်ငံက မနီလာ ဆန်ဈေးကွက်သစ်ရှာဖွေ

နိုင်ငံတကာဆန်ဈေးနိမ့်ခြင်းကမ္ဘောဒီးယားဆန်တင်ပို့သူများအတွက် အဟန့်အတားဖြစ်နေ သော်လည်း ဖိလစ်ပိုင်မှ ဆန် ၀ယ်ယူဖို့ ပမာဏများများ အော်ဒါမှာယူလာတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်အများဆုံးတင်ပို့သူများမှ တစ်ဦးကို ဆန်တင်ပို့နိုင်ရေး တွန်း အားပေးခဲ့ပါတယ်။ ကုမဏီမှာ Mega Green Imex Cambodia ဖြစ်ပြီး ယခုနှစ်မှာ ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ရန် အော်ဒါရထားပါတယ်။ အဆိုပါကုမ္မဏီမှာ ယခင်နှစ်က ဥရောပသို့ ၁၃၀၀၀ တန်တင်ပို့ခဲ့ပြီး ယခုဖိလစ်ပိုင်မှရရှိတဲ့ အော်ဒါမှာ ပထမဆုံး ပမာဏများများမှာယူတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆန်ဈေးနှုန်းမှာ ဒေသ တွင်း ဆန်တင်ပို့နိုင်ငံများထက် ဈေးပိုမြင့်တဲ့ကာလအတွင်း အနောက်ဈေးကွက်များကနေ ၀ယ် လက်များ ပြောင်းသွားခဲ့ တာဖြစ် ပါတယ်။

 
မိုဇမ်ဘစ်နိုင်ငံသည် ယခင်က ကမ္ဘာ့သီဟိုထုတ်လုပ်မှုအများဆုံးနိုင်ငံတွင် ပါဝင်ခဲ့သည့်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိရန် ရည်မှန်းဆောင်ရွက်လျှက်ရှိ

မိုဇမ်ဘစ်နိုင်ငံ ပြည်နယ်(၈) ခုတွင် ယခုနှစ်၌ သီဟိုပျိုးပင် ၃.၃ သန်း စိုက်ပျိုးသွား ရန်ရှိ ကြောင်း နိုင်ငံ၏ အမျိုးသားသီဟိုသင်တန်းကျောင်း (National Cashew Institute) မှ ပြောကြားခဲ့ပါသည်။ ပြည်နယ်(၈) ခုတွင် ပျိုးပင် များထုတ်လုပ်ပြီး လူဦးရေ ၆၀၀၀၀ အကျိုးခံစားခွင့်ရမည်ဖြစ်ပါသည်။ နိုင်ငံတောင်ပိုင်းရှိ သီဟိုအများဆုံး ထုတ် လုပ်သော အင်ဟမ်ဘင်းပြည်နယ်တွင် ပျိုးးပင် ၃.၅ သိန်း ထုတ်လုပ်ခြင်းနှင့်အတူ သီဟို ပင် ၄.၅ သန်း

 
ရော်ဘာကောင်စီမှ တင်ပို့ခွန်စည်းကြပ်ရန် စီစဉ်

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရမှ ပြည်တွင်းရော်ဘာကုန်ချောထုတ်လုပ်သည့် လုပ် ငန်းကို အထောက်အကူဖြစ်ရေးအတွက် ရော်ဘာတင်ပို့မှုအပေါ် တင်ပို့ခွန် စည်းကြပ်ရန် စီစဉ်နေမှုကို ရော်ဘာထုတ်လုပ်သူများက ဆန့်ကျင် လျှက်ရှိသည် ။ ပြည်တွင်း ရော်ဘာ လုပ်ငန်းတွင် ပါဝင်သူများကမူ တင်ပို့ခွန် စည်းကြမ်မည့်အစား အကျဖက်ဖြစ်နေသော ရော်ဘာအခြေခံ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်စေမည့် အခွန်အခမက်လုံးများ ဖြင့် အကူ အညီပေးလျှင် ပို၍ကောင်းမည် မျှော်လင့်ကြခြင်းဖြစ်သည်။ တာယာထုတ်လုပ် ခြင်းအပါအ၀င် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်တက်စေရန် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများနှင့် အရင်းအနှီးပစ္စည်းများ တင်သွင်းမှုအပေါ် တွင် တင်သွင်းခွန် ဖယ်ရှားပေး နိုင်ကြောင်းထောက်ပြခဲ့ပါသည်။ အပြီးအစီးကုန်ချောထုတ်ကုန်များတွင် ကာဗွန်၊ ဆီလီကာနှင့် အထူးသဖြင့် ဓါတုရော်ဘာအတွက် လိုအပ်သော စတီးဖိုင်ဘာ၊ နိုင်လွန်၊ ၀ိုင်ယာကဲ့သို့ ကုန်ကြမ်း

 
ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့မှု တွင် ယှဉ်ပြိုင်မှုများနှင့် ထိတွေ့ရင်ဆိုင်နေရ

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သူအဖြစ် ဦးဆောင်လာခဲ့သည့် ထိုင်းနိုင်ငံနေရာကို အစားထိုးရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံ သည် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနိုင်ငံတို့ နှင့် ယှဉ်ပြိုင်ရန် နည်းဗျူဟာအသစ်များ ချမှတ်ရန်လိုပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၁၂ ခုနှစ် ပထမ ၃ လအတွင် ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလ တင်ပို့မှု ထက် လျော့နည်းနေသဖြင့် ၂၀၁၂ ခုနှစ် ဆန်တင်ပို့မှုမှာ စိမ်ခေါ်မှုများ၊ အခက်အခဲ များနှင့် အများအပြားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာ အသင်း(VFA)မှ ပြောကြားပါသည်။

 
<< Start < Prev 1 2 3 4 Next > End >>

JPAGE_CURRENT_OF_TOTAL