readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


ဌာနခွဲအလိုက်လှုပ်ရှားမှုများ
ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃)သင်တန်းဆင်းပွဲအခမ်းအနား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် ၂၂.၃.၂၀၁၃ ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်   ညွှန်ကြားရေးမှူးများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူ များ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားအား (၁၀:၅၅)နာရီအချိန် တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

 
ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃)သင်တန်းဖွင့်ပွဲအခမ်းအနား

training

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ရုံးအမှတ်(၅၂)တွင် ၁၈.၂.၂၀၁၃ ရက်နေ့ (၉:၃၀)နာရီအချိန်၌ ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၃)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၅) ဦးတက်ရောက်ပြီး သင်တန်းကာလ မှာ ရက်သတ္တပတ်(၄)ပတ် ကြာမြင့်မည်ဖြစ် ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ရုံးအဖွဲ့မှူး၊ အကြံပေးပုဂ္ဂိုလ်၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်နှင့်  ညွှန်ကြားရေးမှူးများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူ များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၁၀:၄၅)နာရီအချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 
စပါးခွံဓာတ်ငွေ့အသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစွမ်းအားမြှင့်တင်မှု သုတေသနပြု စီမံကိန်းလက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

         မြန်မာနိုင်ငံတွင် စပါးခွံဓာတ်ငွေ့အသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစွမ်းအား မြှင့်တင်မှုအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးနှင့် ဂျပန်နိုင်ငံ Bio-Fuel Co., Inc တို့ ပူးပေါင်းသုတေသနပြုစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်း အဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့်စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry – METI) နှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ် နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (New Energy and Industrial Technology Development Organization-NEDO)နှင့် ဂျပန်နိုင်ငံBio-Fuel Co., Incတို့မှတာဝန်ရှိသူများ၊  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါ သည်။
 
<< Start < Prev 1 2 3 4 5 Next > End >>

JPAGE_CURRENT_OF_TOTAL