|

မြန်မာနိုင်ငံတွင် စပါးခွံဓာတ်ငွေ့အသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစွမ်းအား မြှင့်တင်မှုအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးနှင့် ဂျပန်နိုင်ငံ Bio-Fuel Co., Inc တို့ ပူးပေါင်းသုတေသနပြုစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်း အဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့်စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry – METI) နှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ် နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (New Energy and Industrial Technology Development Organization-NEDO)နှင့် ဂျပန်နိုင်ငံBio-Fuel Co., Incတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါ သည်။
|