|
၁။ ပို့ကုန်လိုင်စင်လျှောက်ထားမှုများအား လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့်အညီ လိုအပ်သောအထောက်အထားအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ပို့ကုန်ပစ္စည်း အုပ်စုအလိုက် ခွဲခြားစိစစ်လက်ခံခြင်း-
(က) လယ်ယာထွက်ကုန်ပစ္စည်း။
(ခ) သစ်တောထွက်ကုန်ပစ္စည်း။
(ဂ) ရေထွက်ကုန်ပစ္စည်း။
(ဃ) CMP စနစ်ဖြင့်တင်ပို့သောပစ္စည်း။
(င) အခြားပစ္စည်း။
(စ) အစိုးရဌာနများမှလျှောက်ထားလာသောပို့ကုန်လိုင်စင်များ။
၂။ ပို့ကုန်လိုင်စင်သက်တမ်းတိုးခြင်း ၊ ပြင်ဆင်ခြင်း ၊ ပယ်ဖျက်အပ်နှံခြင်း ၊ အမှန်တင် ပြင်ဆင်ခြင်း ကိစ္စများအား စိစစ်တင်ပြဆောင်ရွက်ပေးခြင်း။
၃။ နေ့စဉ်ကျင်းပပြုလုပ်သော ပို့ကုန်သွင်းကုန်လုပ်ငန်းများမှန်ကန်ရေးကြီးကြပ်မှုကော် မတီအစည်းအဝေး EICC အစည်းအဝေးသို့ နေ့စဉ်လိုင်စင်လျှောက်ထားမှုများအား တင်ပြ ပြီး အစည်းအဝေးမှ ခွင့်ပြုလိုင်စင်လျှောက်ထားမှုများအား(၂၄)နာရီအတွင်း လိုင်စင်ထုတ် ပေးခြင်း ။
၎။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအား ဈေးကွက်ပေါက်ဈေးနှင့်အညီ လေ့လာစိစစ်၍ဈေးနှုန်း ညှိနှိုင်းအစည်းအဝေးသို့တင်ပြ၍ ညှိနှိုင်းဆောင်ရွက်ခြင်း။ |