readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


စီမံ/လှုပ်ရှားမှုများ
ကြာသပတေးနေ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ (၁၀-၁-၂၀၁၂)

နေပြည်တော် - ဇန်န၀ါရီ ၁၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့စကားဝိုင်းကို (၁၁-၁-၂၀၁၃) ရက်နေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃) နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်မှ Project Proposal Writing: Systemetic Approachs  ခေါင်းစဉ်ဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် နည်းဗျူဟာ ၊ စီမံကိန်း ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရန်လိုအပ်ပုံနှင့် နည်းစနစ်ကျစွာ ချဉ်းကပ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ ဦးသန်းအောင် တို့မှလည်း ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဒုတိယ၀န်ကြီးမှ ထပ်မံဖြည့်စွက်ပြောကြားပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်ပြောကြားကာ ဆွေးနွေးပွဲကို ၁၀း၄၅ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 
ဝါတွင်းကာလ ဥပုသ်နေ့ ၀တ်ရွတ်ပူဇော်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ထမ်းများ၏ ၀ါတွင်းကာလ ဥပုသ်နေ့ ၀တ်ရွတ်ပူဇော်ခြင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၊ ၁၃၇၄ ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၈ ရက် (သောကြာနေ့)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး၊ ၀တ်ရွတ်သူများနှင့် ၀န်ထမ်းများအား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအိ မိသားစုမှ ရခိုင်မုန့်တီဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

IMG_2637 IMG_2643 IMG_2644

IMG_2649 IMG_2650

 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

JPAGE_CURRENT_OF_TOTAL