|
နေပြည်တော် - ဇန်န၀ါရီ ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့စကားဝိုင်းကို (၁၁-၁-၂၀၁၃) ရက်နေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃) နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်မှ Project Proposal Writing: Systemetic Approachs ခေါင်းစဉ်ဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် နည်းဗျူဟာ ၊ စီမံကိန်း ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရန်လိုအပ်ပုံနှင့် နည်းစနစ်ကျစွာ ချဉ်းကပ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ ဦးသန်းအောင် တို့မှလည်း ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဒုတိယ၀န်ကြီးမှ ထပ်မံဖြည့်စွက်ပြောကြားပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်ပြောကြားကာ ဆွေးနွေးပွဲကို ၁၀း၄၅ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ |