|
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ
ရည်မှန်းချက်
ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်။
လုပ်ငန်းတာဝန်များ
(၁) ဒေသတွင်းစားသုံးရန် ကုန်ထုတ်လုပ်မှုအဆင့်မှ စီးပွားဖြစ် ကုန်ထုတ်လုပ်မှု အဆင့်သို့ ရောက် ရှိအောင် မြင့်တင်ဆောင်ရွက်ရန်။
(၂) ဈေးကွက်ယှဉ်ပြိုင်ဝင်ရောကနိုင်စွမ်းရှိအောင် အရည်အသွေး စံချိန်စံညွှန်း မြှင့်တင်ခြင်းကို ပညာပေးဆောင်ရွက်ရန်။
(၃) ဈေးကွက်၊ဈေးနှုန်း ပိုမိုရရှိရေး အတွက် တန်ဖိုးမြှင့် ထုတ်ကုန် (Value added) လုပ်ငန်းများ ဆောင်ရွက်ရန်။
(၄) အသေးစား၊ အလတ်စား (SME) စက်မှုကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေး ကြိုးပမ်း ဆောင်ရွက်ရန်။
(၅) Supply Chain, Value Chain Mechanism ဖြင့် ထုတ်လုပ်မှုစရိတ်နှင့် ၀န်ဆောင်မှုစရိတ်များ လျော့ချနိုင်ရေးဆောင် ရွက်ရန်။
(၆) ကုန်သည်လုပ်ငန်းရှင်များကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေခြင်းဖြင့် ရေရှည် တည်တံ့ ခိုင်မြဲသော ဈေးကွက်ဖွံ့ဖြိုးမှုကို ဦးတည်ဆောင်ရွက်ရန်။
(၇) ကုန်စည်စီးဆင်းမှုတည်ငြိမ်မှန်ကန်စေရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များအား တိုးချဲ့ ပညာပေးမြှင့်တင်ပြီး ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန်။
(၈) ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးများမှ နိုင်ငံတကာ ဈေးကွက်များသို့ ခိုင်မာစွာ ချိတ်ဆက်ရောင်း ၀ယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
(၉) သုတေသနလုပ်ငန်းများ၊ ကုန်သွယ်မှုသတင်း၊ ဈေးကွှက် သတင်း အချက်အလက်များ စုဆောင်း တည်ဆောက်ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံးကုန်သွယ်စီးပွား တိုးတက်အောင် ဆောင်ရွက်ရန်။
(၁၀) ဒေသတွင်းကုန်သွယ်မှုအဖွဲ့အစည်းများနှင့် ကုန်သွယ်ဖက်နိုင်ငံ အသီးသီးတို့နှင့် တက်ကြွစွှာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်။
(၁၁) ပြည်ပတင်ပို့ရန်ကုမ္ပဏီများက စိုက်ပျိုးထုတ်လုပ်မှုများနှင့် အထူးပြုကုမ္ပဏီများ၏ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်း များအောင်မြင်ရေး ၀ိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးရန်။ |