နောက်ဆုံးရသတင်း
| ဖိလစ်ပိုင်အစိုးရမှ ဆန်တန်ချိန် ၁၂၀၀၀၀ တင်သွင်းဖို့ မေလဒုတိယပတ်မှာ ဖိတ်ခေါ်မယ် |
|
အစိုးရအချင်းချင်း ကုန်သွယ်မှုမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံဟာ ဆန်တန်ချိန် ၁၂၀၀၀၀ တင်သွင်းဖို့အတွက် အရည်အချင်း ပြည့်မီ တဲ့နိုင်ငံများမှကမ်းလှမ်းနိုင်ဖို့ ၂၀၁၂ မေလ ဒုတိယပတ်လောက်မှာ ဖိတ်ခေါ်စာများပို့နိုင်တယ်လို့ နိုင်ငံပိုင် နိုင်ငံတော်စားနပ် ရိက္ခာ အာဏာပိုင် (NFA) မှ ဧပြီလ ၂၃ ရက်မှာ
ထုတ်ဖော်ပြောကြားပါတယ်။ ဆန်တင်ပို့ နိုင်ငံများအတွက် လိုအပ်ချက်များနဲ့ နည်းစဉ်များကို မတ်လ ၉ ရက်နေ့အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ (NFA) လေလံကော်မတီ ပူးတွဲဥက္ကဌ Gilberto Lauengco မှ ပြောကြားပါတယ်။ အဲဒီအစည်းအဝေးပြီးနောက် မေလ ၁၀ ရက်လောက်မှာ အရည်အချင်းပြည့်မီတဲ့ နိုင်ငံတွေကို စာများပေးပို့ သွားမယ်လို့ ဆိုပါတယ်။ အရည်အချင်းပြည့်မီတဲ့ နိုင်ငံဆိုတာကတော့ ဖိလစ်ပိုင်နဲ့ ဆန်ဝယ်ယူရေး သဘောတူညီချက် ရရှိထားတဲ့ နိုင်ငံတွေ ဖြစ်ပြီး လက်ရှိမှာ ဗီယက်နမ်နဲ့ ထိုင်း ၂ နိုင်ငံသာလျှင် ဆန်ဝယ်ယူဖို့ သဘောတူညီချက်ရှိ ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနဲ့လည်း နားလည်မှုသဘောတူညီချက်အတွက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းင်းတို့က ၀ယ်ယူ နိုင်တဲ့နိုင်ငံတွေများလိုတာကြောင့် တစ်ကြိမ်လက်မှတ်ရေးထိုးပြီးရင်လည်း အဲဒီနိုင်ငံတွေစာရင်းဝင် ပါတယ်လို့ ဆိုပါတယ်။ အစောပိုင်းက NFA အုပ်ချုပ်သူ Angelito Banayo မှ ပြောကြားရာမှာ ဆန်ဝယ်ယူမှု သဘောတူညီချက်က ပုဂ္ဂလိက ကဏ္ဍကပါဝင်ပတ်သက်မှုမရှိဘဲ အစိုးရအချင်းချင်း ကုန်သွယ်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ ငွေပေးချေမှု အများဆုံးဖြစ်နိုင်ခြေရှိတဲ့ ရောင်းချသူကိုသာ စိတ်ဝင်စားကြောင်း၊ ၎င်းတို့အနေနဲ့ လာမယ့်နှစ်မှ သာငွေပေးချေမှုစတင်လိုကြောင်း Banayo မှ ဆိုပါတယ်။ ယခုနှစ် NFA ရဲ့ အသုံးစရိတ်များစွာဟာ ပြည်တွင်းစပါးဝယ်ယူရာ မှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ Source: riceonline လမင်း |
နိုင်ငံတကာနှင့် ပြည်တွင်းဈေးနှုန်းများ









