နောက်ဆုံးရသတင်း
| သကြားသွင်းကုန်ခွန် သုညရာခိုင်နှုန်းဖြစ်၍ ဈေးနှုန်းဖိအားနှင့်ရင်ဆိုင်နေရ |
|
အစိုးရအနေနဲ့ ဇွန်လတိုင်အောင် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပြုထားတာကြောင့် အိန္ဒိယနိုင်ငံရဲ့ သကြားဈေးနှုန်းက ဖိအားနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ သွင်းကုန်ခွန်သုညအထိ သတ်မှတ်ခြင်းကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ပြီး နိုင်ငံရဲ့ ပြည်တွင်း လိုအပ်ချက်အတွက်လို့
သိရပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ တော့ အိန္ဒိယက သကြားထုတ်လုပ်မှုပိုလျှံနေကာ ထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၂၁ ဒသမ ၂ သန်း ရှိကြောင်း သိရပါတယ်။ ထုတ်လုပ်မှုပိုလျှံတာနဲ့ သွင်းကုန်ခွန် သုညရာခိုင်နှုန်းဖြစ်တာကြောင့် သကြား ဈေးနှုန်းပေါ်မှာ ဖိအားပိုမိုနေပေမယ့် အစိုးရကပို့ကုန်တင်ပို့မှုကို ပုံမှန်သာတင်ပို့ခွင့်ပြု ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယသကြားစက်ရုံများအသင်းရဲ့ ခန့်မှန်းချက်အရတော့ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှုတန်ချိန် ၂၆ သန်း ၀န်းကျင်နဲ့ သုံးစွဲမှု ၂၂ သန်းရှိနိုင်ကြောင်း သိရပါတယ်။ KZW Source:Commodity online |
နိုင်ငံတကာနှင့် ပြည်တွင်းဈေးနှုန်းများ









