readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


ကားအဟောင်းလဲလှယ်ရာတွင် မော်ဒယ်သတ်မှတ်ချက်မရှိဘဲတင်သွင်းခွင်ပြုလိုက်ပြီ

နေပြည်တော်၊ ဇန်န၀ါရီလ ၁၀ ရက်

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသည် ကားအဟောင်းလဲလှယ်ကာ အစား ထိုးမော်တော်ယာဉ်တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကားများ၏ ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သတ်မှတ်၍ယခင်ခွင့်ပြုထားသည့်အတိုင်း ဘယ်မောင်း/ ညာမောင်းမခွဲခြားဘဲ Reconditioned/Brand New မော်တော်ကားများကို ဇန်န၀ါရီလ (၂) ရက်နေ့မှ စတင် ကာ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

အစားထိုးမော်တော်ယာဉ်လဲလှယ်ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ ၁၃၅၀ CC နှင့်အောက်မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ ၂၀၁၀ ခုနှစ် အထိ မော်ဒယ်ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့်ခွင့်ပြုသွားမည်ဖြစ်သည်။

ထို့အတူ ပို့ကုန်/သွင်းကုန်ကုမ္ပဏီများ၊ ကျေက်မျက် ကုမ္ပဏီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ၊ နိုင်ငံခြားသင်္ဘောသားများ၊ ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သော လူစီးကားများကို ဘယ်မောင်း/ညာမောင်းမသတ်မှတ်ဘဲ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တင်သွင်းခွင့်ပြုသည့်မော်တော်ယာဉ်ဈေးနှုန်းများ၊ လူစီးမော်တော်ယာဉ်ဈေးနှုန်းများ (Reconditioned) နှင့် လူစီးမော်တော်ယာဉ် Sub-Brand အလိုက်ဈေးနှုန်းများ (Reconditioned) ကို Attached File တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ သတ်မှတ်ထားသော ယာဉ်အုပ်စုတွင် မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာသောယာဉ်များဖြစ်ပါကလည်း Internet အထောက်အထားများဖြင့် နေ့စဉ် ပြုလုပ်သည့် EICC အစည်းအဝေးသို့တင်ပြပြီးလျှင် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်...