readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


ပြည်တွင်းပြည်ပကုန်စည်ပြပွဲများလှုပ်ရှားမှု

ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၁၁

ဗီယက်နမ်ကုန်စည်ပြပွဲ (VIETNAM Trade Fair in Myanmar 2011) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ( Myanmar Convention Center) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E Mr. Nguyen Thanh Bien က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါကုန်စည်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ ရန်ကုန်မြို့တော်ဝန် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးလှမြင့်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံမှ Vice Minister H.E Mr. Nguyen Thanh Bien၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Chu Cong Phung ၊ AVIM ဥက္ကဌ Mr. Tran Brie Hoi နှင့် Vietnam Trade Promotion Department Director General Mr. Do Fhang Hai တို့က ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါပြပွဲတွင် ဗီယက်နမ်နိုင်ငံမှ ကုမ္မဏီများနှင့် စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးတို့က ပြခန်းပေါင်း ၈၂ ခန်း ဖြင့် ဗီယက်နမ်နိုင်ငံ ထွက်ကုန်များဖြစ်သော လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ စားသောက်ကုန် ၊ ဆက်သွယ်ရေး၊ ကျန်းမာရေးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် မော်တော်ယာဉ်များပြသထားပြီး ပြပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့အထိ လေးရက်ကြာ ခင်းကျင်းပြသသွားခဲ့ပါသည်။

ယခုကျင်းပခဲ့သည့် ဗီယက်နမ်ကုန်စည်ပြပွဲမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး လာရောက်လေ့လာ ကြည့်ရှု သူများမှာ ယခင်နှစ်များကထက်များပြားကြောင်းနှင့် ဤကုန်စည်ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ ပြပွဲတွင် လက်လီ ရောင်းချရန်မဟုတ်ဘဲ ဗီယက်နမ်-မြန်မာနှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရန်နှင့် ၄င်းတို့ထုတ်လုပ်သောပစ္စည်းများ မြန်မာနိုင်ငံဈေးကွက်သို့ ထိုးဖောက်လိုပြီး ရေရှည်ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်လုပ်ငန်းရှင်များ ရှာဖွေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စိတ်ပါဝင်စားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုမြှင့်တင်ရေးဌာနခွဲ ၊ အီးမေးလ် CLOAKING သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။