| ဧရာဝတီ၊ ကျောက်ဘုရား၊ မဲခေါင်စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့ |
|
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအဖွဲ့ (ACMECS ) ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနိုင်ငံတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာ ဗျူဟာ (Ayarwaddy-Chao Phaya-Mekong Economic Cooperation Strategy – ACMECS) ကို ဒေသ တွင်းစီးပွားရေးလုပ်ငန်းများ စီးပွားရေးအရ တွက်ခြေကိုက်စေရန်၊ ယှဉ်ပြိုင်နိုင်မှုအားသာချက် ရရှိစေရန်နှင့် ဒေသတွင်းငါးနိုင်ငံမှ ထွက်ရှိသည့်သယံဇာတများ၊ ငွေကြေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်တို့၏ စွမ်း ပကားကို ပေါင်းစည်းခိုင်မာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၊ ပုဂံမြို့၌ (Bagan Summit) ထိပ်သီးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပုဂံထိပ်သီးဆွေးနွေးပွဲ၌ ပုဂံကြေညာစာတမ်း(Bagan Declaration ) ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ Bagan Declaration အရ အဓိက ကဏ္ဍကြီး ၅ ရပ်ရှိသည့်အနက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ် နှံမှု လွယ်ကူချောမွေ့ စေရေးကဏ္ဍကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် ရပါသည်။ |









