readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


မဟာမဲခေါင်ဒေသခွဲ

မဟာမဲခေါင်ဒေသခွဲ (Greater Mekong Sub-region - GMS)

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ယူနန် ပြည်နယ်နှင့် ကွမ်ရှီးပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါအဖွဲ့၏ ရည်မှန်းချက်မှာ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများရှာဖွေရန်၊ အခြေခံ စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန်တို့ဖြစ်ပါသည်။

ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကဦးစားပေးကဏ္ဍများမှာ သယ်ယူပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ခရီးသွားလုပ် ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပါသည်။

စီးပွားရေးစင်္ကြန်များ (Economic Corridors)

မဟာမဲခေါင် ဒေသတွင်းလူနှင့် ကုန်စည်များလွတ်လပ်စွာ သွားလာနိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်မှုများမှ ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးတို့အတွက် စီးပွားရေးစင်္ကြန်များကို သတ်မှတ်ခဲ့ပါသည်။ စီးပွားရေးစင်္ကြန် သတ်မှတ်ချက်များအရ ၂၀၁၂ ခုနှစ်တွင် အရှေ့အာရှနိုင်ငံများမှ နိုင်ငံအသီးသီး၏ အဓိက လမ်းမများအားလုံးချိတ်ဆက်ရန် စီမံထားရှိပါသည်။

မဟာမဲခေါင်ဒေသခွဲဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သော ၀န်ကြီးဌာနမှာ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဖြစ်ပါသည်။

မဟာမဲခေါင်ဒေသခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍမှာ မဟာမဲ ခေါင်ဒေသအတွင်း ဆက်စပ်လျက်ရှိသော နိုင်ငံများ၏ နယ်စပ်ဒေသကို ဖြတ်ကျော်၍ ကုန်သွယ်မှုများနှင့်ပတ် သက်၍ လွယ်ကူလျှင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု လျင် မြန်ချောမွေ့စေရန်မှာ လူနှင့်ကုန်စည်များ၊ ယာဉ်များ ၀င်ထွက်သွားလာမှု မှန်ကန်၊ မြန်ဆန်ရန်နှင့် နိုင်ငံကိုထိ ခိုက်နစ်နာစေမည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါ သည်။