readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


စီမံရေးရာဌာနခွဲ

စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။ ဦးဆောင်ညွှန်ကြားရေးမှူး၏ ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း။

၂။ ၀န်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ခြင်း။

၃။ မှုခင်းကိစ္စများ၊ စာရင်းပယ်ဖျက်ရန်ကိစ္စများ၊ ရရန်မှုခင်းကြွေးကောက်ခံခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၎။ အငြိမ်းစားဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်ခြင်း။

၅။ ပုံသေပိုင်ပစ္စည်းများမှတ်တမ်းများ ထားရှိထိန်းသိမ်းခြင်း၊ မြေ/အခန်း၊ အဆောက် အဦ ငှားရမ်းခြင်းကိစ္စရပ်များကိုဆောင်ရွက်ခြင်း၊ သိုလှောင်ရုံစာရင်းများကို ထားရှိ ထိန်းသိမ်းခြင်း၊ လေလံတင်ထုခွဲရောင်းချခြင်းနှင့် လွှဲပြောင်းပေးခြင်းကိစ္စများဆောင် ရွက်ခြင်း။

၆။ ၀န်ထမ်းအကျိုးခံစားခွင့် ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

၇။ စီမံခန့်ခွဲမှုအသုံးစရိတ်များကို လုပ်ငန်းဌာနအသီးသီးသို့ စိစစ်ခွဲဝေခွင့်ပြုပေးခြင်း။

၈။ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအရ ရင်းနှီးမြှပ်နှံမှုအစီအစဉ်များ၊ လုပ်ငန်း စီမံကိန်းများ ရေးဆွဲတင်ပြခြင်း။

၉။ စာရင်းအင်း အချက်အလက်များထိန်းသိမ်းခြင်း။

၁၀။ ၀န်ထမ်းများ ပြည်တွင်း၊ ပြင်ပသင်တန်းများ ရွေးချယ်စေလွှတ်နိုင်ရေး တင်ပြဆောင် ရွက်ခြင်း။

၁၁။ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုများကို ပုံမှန်တင်ပြခြင်း။

၁၂။ လုပ်ငန်းနှင့်လိုက်လျောညီထွေရှိမည့် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲတင်ပြခြင်း။

၁၃။ အတည်ပြု ရသုံးမှန်းခြေငွေစာရင်းအရ ရန်ပုံငွေများ စိစစ်ခွဲဝေခြင်း၊ သုံးစွဲမှုကို ကြီးကြပ်ကွပ်ကဲခြင်းများဆောင်ရွက်ခြင်း။

၁၄။ ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ခြင်း။

၁၅။ အပတ်စဉ်၊ လစဉ်၊ ဘဏ္ဍာရေးအခြေအနေကို တင်ပြပေးခြင်း။

၁၆။ ရုံးလုပ်ငန်းဌာနများ၏ ပြည်တွင်း/ပြည်ပ၀င်ငွေများ လက်ခံခြင်း၊ အသုံးစရိတ်များ စစ်ဆေးပေးချေခြင်း၊ လစာ/ပင်စင်လစာများ စစ်ဆေးထုတ်ပေးခြင်း။

၁၇။ တိုင်း/ပြည်နယ်လုပ်ငန်းဌာနအသီးသီး၏ ငွေစာရင်းများအား ကြီးကြပ်ကွပ်ကဲခြင်း။

၁၈။ နှစ်ချုပ်စာရင်းများ ရေးဆွဲတင်ပြခြင်း။