readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


စားသုံးသူအကာအကွယ်ပေးရေး

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၈၅ ခုနှစ်တွင် စားသုံးသူများ၏ အခွင့်အလမ်းများကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် စားသုံးသူများအတွက် အခွင့်အလမ်း (၈) ရပ်ကို သတ်မှတ်ခဲ့ပါသည်။ ၄င်းတို့မှာ

(က) ၀ယ်ချင်သည့်ပစ္စည်းအား စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည်။

(ခ) ၀ယ်ချင်သည့်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရယူနိုင်ရမည်။

(ဂ) ၀ယ်ယူသည့်ပစ္စည်းသည် လုံခြုံစိတ်ချရမည်။

(ဃ) ၀ယ်ချင်သည့်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို သိနိုင်ရမည်။

(င) စားသုံးသူတို့၏ အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ ကျေနပ်မှုရရှိရမည်။

(စ) အလျော်အစားရပိုင်ခွင့်ရှိရမည်။

(ဆ) စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပညာရပ်များသင်ကြားနိုင်ခွင့်ရှိရမည်။

(ဇ) ပိုမိုလုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အား ရွေးချယ်ပိုင်ခွင့်ရှိရမည်။

အာဆီယံနိုင်ငံများတွင် စားသုံးသူများအခွင့်အလမ်းကို အကာအကွယ်ပေးနိုင်ရန်နှင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း များကို အဆင်ြ့မင့်မြင့်ဆောင်ရွက်နိုင်စေရန်အတွက် ၂၀၀၇ ခုနှစ် ၊ ဇူလိုင်လတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းကော်မတီကို တရားဝင်ဖွဲ့စည်းထူးထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည်လည်း အဆိုပါကော်မတီအဖွဲ့ဝင်နိုင်ငံ တစ်နိုင် ငံဖြစ်ခဲ့ပါသည်။ ယင်းအဖွဲ့၏လက်အောက်တွင် လျင်မြန်စွာ သတိပေးလှုံ့ဆော်မှုစနစ်နှင့် သတင်းအချက်အလက် ဖလှယ်ရေး လုပ်ငန်းအဖွဲ့ ၊ နိုင်ငံဖြတ် ကျော်စားသုံးသူအရေးယူဆောင်ရွက်မှု လုပ်ငန်းအဖွဲ့နှင့် သင်တန်းပေးရေးနှင့် ပညာပေးရေး လုပ်ငန်း အဖွဲ့ဟူ လုပ်ငန်းအဖွဲ့ (၃) ခုကို ဖွဲ့စည်းထားရှိပါသည်။ အဆိုပါအဖွဲ့မှ ဆောင်ရွက်သွားမည့်လုပ်ငန်းနယ်ပယ် များမှာ အစား အသောက် ၊ ဆေးဝါး ၊ စားသုံးသူများတိုင်တန်းမှုကို အရေးယူဆောင်ရွက်သော လုပ်ထုံးလုပ် နည်း ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုနှင့် တာဝန်ရှိမှု ၊ ကိန်းဂဏန်းအချက်အလက်များ ကာကွယ်ထိန်းသိမ်းမှု ၊ တံဆိပ်သတ်မှတ်မှု ၊ ကြော်ငြာလုပ်ငန်း ၊ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၊ အာမခံလုပ်ငန်းနှင့် စားသုံးသူများ ကြွေးမြီကိစ္စတို့ဖြစ်ပါသည်။

ပထမလုပ်ငန်းအဖွဲ့၏ လုပ်ငန်းမှာ အာဆီယံနိုင်ငံများအတွင်း လုံခြုံစိတ်ချရမှုမရှိသော ထုတ်ကုန်များ ပေါ်ပေါက်လာပါက သက် ဆိုင်ရာ နိုင်ငံအလိုက် ဆက်သွယ်ဆောင်ရွက်သည့်ဌာနများမှတဆင့် လျင်မြန်စွာသတိပေးလှုံ့ဆော်ပြီး သတင်းအချက်အလက် ဖလှယ်သွားမည်ဖြစ်ပါသည်။ ဒုတိယလုပ်ငန်း အဖွဲ့၏လုပ်ငန်းမှာ အာဆီယံနိုင်ငံများရှိ စားသုံးသူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို အရေးယူဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တတိယအဖွဲ့၏လုပ်ငန်းမှာ စားသုံးသူများ အခွင့်အလမ်းကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် စားသုံးသူများ ပညာပေးရေးနှင့် အလေးဂရုပြုစေရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့်ဌာန (Focal Ministry) မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဖြစ်ပါသည်။ ထို့ပြင်အခြားဝန်ကြီး ဌာနများဖြစ်ကြသော ကျန်းမာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စသည် တို့မှလည်း စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆောင်ရွက်လျက်ရှိကြပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ထွန်းရေး ၊ စားသုံးသူအရေး ယူဆောင်ရွက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ စားသုံးသူပညာပေးရေးနှင့် အလေးဂရုပြုစေရေး လုပ်ငန်းများ လု‌ပ်ဆောင်နိုင်ရေး တို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ သည်။ အခြားတစ်ဖက်တွင်လည်း ACCP Working Group များနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် Contact Persons စာရင်းများပေးပို့ပြီး ACCP Work Plan နှင့်အညီ အကောင်အထည်ဖော် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံနိုင်ငံများတွင် အဓိကစားသုံးသူကာကွယ်ရေးဥပဒေမရှိသောနိုင်ငံများမှာ စားသုံးသူကာ ကွယ်ရေးနှင့်ဆက်နွယ်သော ဥပဒေများဖြစ်သည့် အစားအသောက်ဥပဒေ၊ ဆေးဝါးဥပဒေ ၊ ကုန်သွယ်မှု အမည်နှင့် အမှတ်အသားဆိုင်ရာဥပဒေစသည်တို့ကို အသီးသီးပြဌာန်းထားရှိပါသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးနှင့်ဆက်စပ်လျက်ရှိသော ဥပဒေများအနေဖြင့် The National Food Law (1997) ၊ The National Drug Law (1992) ၊ The Traditional Drug Law (1996) ၊ Electronic Transaction Law (2004) ၊ Financial Institution of Myanmar (1990) စသည်တို့ရှိကြပါသည်။

အာဆီယံနိုင်ငံများတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ပြည်တွင်းတွင် အလေးထား ဆောင်ရွက်လျက်ရှိသော ကုန် ပစ္စည်းများမှာ အစားအစာ ၊ ဆေးဝါး ၊ အလှကုန် ၊ ဆေးပစ္စည်းကိရိယာ ၊ အိမ်သုံးးပစ္စည်းတို့ဖြစ်ကြပြီး တင်သွင်း ၊ တင်ပို့သော ကုန်ပစည်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့်အမီဖြစ်စေရန် စိစစ်ဆောင်ရွက်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံတွင်ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိအစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနသည်အစားအစာ၊ ဆေးဝါး ၊ အလှကုန် ၊ ဆေးပစ္စည်းကိရိယာနှင့် အိမ်သုံးပစ္စည်းများလုံခြုံစိတ်ချရမှုရှိစေရေးကို အဓိကဆောင် ရွက်လျက်ရှိပါသည်။ ယင်း ဌာနသည် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးလက်မှတ်ထုတ်ပေး ခြင်း၊ ဈေးကွက်အတွင်းတွင်ရှိသော ထုတ်ကုန် အချို့ကို နမူနာယူစစ်ဆေးပြီး ပြည်သူများစားသုံးရန် မသင့် သောအရာများကို ကြေညာပေးပြီး သင့်လျော်သော အရေးယူဆောင် ရွက်မှုများ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့နောက် စက်မှု (၁) ၀န်ကြီးဌာနမှ လျှပ်စစ် သုံးစွဲသူများလုံခြုံစေ ရန် လျှပ်စစ်ထုတ်ကုန်များ စံချိန်စံညွှန်းပြည့်မီစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စီးပွားရေးနှင့်ကူး သန်းရာင်းဝယ်ရေးဝန်ကြီးဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် မှန်ကန်သောစံချိန်စံညွှန်း ၊ ဈေးနှုန်း ၊ ကုန်အမှတ်တံဆိပ် ဟုတ်/ မဟုတ် တိုက်ဆိုင်စစ်ဆေးပြီးမှ စိစစ်ထုတ်ပေးလျက်ရှိပါသည်။

စားသုံးသူများအနေဖြင့်မိမိတို့အခွင့်အလမ်းများကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် စားသုံးသူများပညာရေးနှင့် အလေး ဂရုပြုစေရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ အာဆီယံနိုင်ငံများတွင် စားသုံးသူ ပညာပေးရေးလုပ်ငန်းများကို ၀န်ကြီးဌာနများ၊ အသင်းအဖွဲ့များ အကြားညှိနှိုင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သစ်တောဝန်ကြီး ဌာန၊ သိပနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ၀န်ကြီးဌာနအလိုက် စားသုံးသူပညာပေးအစီအစဉ်များဆောင်ရွက်လျက်ရှိကြ ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပညာပေးရေးလုပ်ငန်းများကို ဂျာနယ်များ ၊ Website သင်တန်းများနှင့် ဆွေးနွေးပွဲများမှတဆင့် ဆောင်ရွက်လျက်ရှိပါသည်။