| ၀န်ကြီးဌာနအကြောင်း |
|
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း အခြေခံမူဝါဒနှင့်လမ်းညွှန်ချက်များ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဝန်ကြီးဌာန များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍမှ အရေးပါသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အဓိကဦးတည်ချက် (၄)ရပ်နှင့် ကုန်သွယ်ရေးအခြေခံမူ(၃)ချက် ချမှတ်၍ ကုန်သွယ်မှုစွမ်းဆောင်ရေးတွင် မူဝါဒထိန်းကျောင်းမှုများအဖြစ် အသုံးပြုလျှက်ရှိပါသည်။ အဓိကဦးတည်ချက်များ (၁) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေးလှုပ်ရှားမှုများကို ပံ့ပိုး ပေးရန် (၂) အစိုးရနှင့်ပုဂ္ဂလိက ကုန်သွယ်ရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရန် (၃) ပို့ကုန်မြှင့်တင်ရေးမှ နိုင်ငံတော်၏နိုင်ငံခြားဝင်ငွေရရှိမှုကို တိုးမြှင့်ရန် (၄) သမဝါယမနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကုန်သွယ်ရေးလှုပ်ရှားမှုများကို အားပေးကူညီရန် ကုန်သွယ်ရေးအခြေခံမူများ (၁) ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှုရန် (၂) ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှုမဖြစ်စေရန် (၃) ကုန်သွယ်မှုလုပ်ငန်းများကို အမြတ်အစွန်းအဓိကမထားဘဲ ရေရှည်တည်တံ့ခိုင်မြဲမှုဦးတည်ချက်ဖြင့် ရှေ့ရှုဆောင်ရွက်ရန် ဖွဲ့စည်းမှု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ဖော်ပြပါဌာနများဖြင့် ဖွဲ့စည်းထားပါသည်- (၁) ပြည်ထောင်စုဝန်ကြီးရုံး (၂) ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ကုန်သွယ်ဦးစီး) (၃) ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန (ကူးသန်းဦးစီး) (၄) ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန (ကုန်သွယ်မြှင့်တင်) |










