Ministry of Commerce, Myanmar FOB ကမ်းဝေးငါးဖမ်းလှေများစစ်ဆေးရေးစခန်းများ ကော့သောင်းတွင်ဖွင့်လှစ်
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနမှ ဥက္ကဌနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Kyungil (Engineering) Co.,Ltd မှ ဥက္ကဌတို့အားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကြည့်ရှုအားပေး
နိုင်ငံတကာကုန်သွယ်မှုစင်တာ၏ နည်းပညာအကူအညီဖြင့် အစိုးရ-ပုဂ္ဂလိက-အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲကြမည့် မြန်မာနိုင်ငံ၏ အမျိုသားအဆင့်ပို့ကုန်မဟာဗျူဟာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
FOB ကမ်းဝေးငါးဖမ်းလှေများစစ်ဆေးရေးစခန်းများ ကော့သောင်းတွင်ဖွင့်လှစ်
ကော့သောင်းနယ်စပ်ရဲ့ ကုန်သွယ်မှုလုပ်ငန်းပိုင်းမှာ အဓိကကျတဲ့ ရေထွက်ပစ္စည်းများတင်ပို့မှုမှာ FOB ကမ်းဝေး ငါးဖမ်းလှေတင်ပို့မှုနဲ့ပတ်သက်ပြီး စစ်ဆေးရေးစခန်းများ (၂) ခုကို စက်တင်ဘာလဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၅ ရက်နေ့က ကော့သောင်းနယ်စပ်ကုန်သည်ကြီးများအသင်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရွှေဝက်တံတား ကမ်းဝေးငါးဖမ်းလှေစစ်ဆေးရေးစခန်းကို စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၀ါးကျွန်းစစ်ဆေးရေးစခန်းကို စက်တင်ဘာလ ၂ ရက်နေ့များမှာဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခုလို FOB Check Point  နှစ်ခုအား ကော့သောင်းဘက်မှာငါးများစုစည်းပြီး တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ လာရောက်ဝယ်ယူနိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမြင့်သန်းက ဆက်လက်ပြောကြားပါတယ်။ Check Point များ ဖွင့်လှစ်လိုက်ခြင်းဖြင့် ရေထွက်ပစ္စည်းတင်ပို့မှု ပိုမိုတိုးတက်လာကာ ကုန်သွယ်မှုလည်းမြင့်တက်လာစေမယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးဦးအောင်ဝင်း ကပြောပါတယ်။ ကုန်သည်ကြီးများအသင်းအမှုဆောင်ဦးထွန်းထွန်း မှ FOB ကမ်းဝေးပိုင်းအား စည်းရုံးပြီး Export လုပ်ဆောင်သွားပါက ကမ်းနီးကမ်းဝေးငါးမျိုးစုံ Export တိုးတက်လာမည်ဖြစ်ကြောင်း၊ ကော့သောင်းကမ်းနီးလုပ်ငန်း ဟာ မည့်သည့်ဒေသနဲ့မှမတူကြောင်း၊ မြိတ်၊ ထားဝယ်ဒေသများမှာ ငါး Export လုပ်ငန်းများရှိပေမဲ့ ကော့သောင်း ကမ်းနီးငါးလုပ်ငန်းနဲ့မတူကြောင်း၊ အထူးသဖြင့် ကင်းမွန်မီးထွန်းလှေများဟာ ဒေါ်လာပြတ်နဲ့ဆောင်ရွက်ခြင်းဖြစ်တဲ့ အတွက် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိစေပါကြောင်း၊ ငါးမျိုးစုံအား ကုန်ချောပြုလုပ်ပြီး ထိုင်းနိုင်ငံမဟာချိုင် ဈေးကွက်ထိရောက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ မဟာချိုင်ဈေးကွက်ဟာ အိန္ဒိယနဲ့မလေးရှားသို့ ဆက်လက်တင်ပို့ခြင်းဖြစ်ကြောင်း၊ ငါးဖမ်းခွင့်ကန့်သတ်ရာသီကုန်ဆုံးပြီဖြစ်လို့ ရေထွက်ပို့ကုန် ပစ္စည်းများ တင်ပို့မှုလျာထားချက်ပြည့်မှီရေးအတွက် FOB ကမ်းဝေးလုပ်ဆောင်ရန် ကော့သောင်း ငါးလုပ်ငန်း ကုန်သည်များ စုစည်းဆောင်ရွက်ပေးသွားမယ်လို့ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါတယ်။
Source: နကသ (ကော့သောင်း)                                                 
ရင်ငြိမ်းအေး