Ministry of Commerce, Myanmar ဟွန်ဒိုင်းကားကုမ္ပဏီနှင့် တရုတ်နိုင်ငံတို့ ဖက်စပ်ကားစက်ရုံထူထောင်
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ၂၀၁၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် တက်ရောက်အားပေး
မူဆယ်-မန္တလေးလမ်းကြောင်းပေါ်ရှိ Mobile Team ၏တာဝန်များအား လွှဲပြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်အားကစားသမားများ၊ သင်တန်းထူးချွန်သူဝန်ထမ်းများ ဆုချီးမြှင့်ပွဲကျင်းပ
ကုန်သွယ်မှုဆိုင်ရာရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ဟွန်ဒိုင်းကားကုမ္ပဏီနှင့် တရုတ်နိုင်ငံတို့ ဖက်စပ်ကားစက်ရုံထူထောင်
တောင်ကိုးရီးယားနိုင်ငံ ကားထုတ်လုပ်မှုမှာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟွန်ဒိုင်းကားကုမ္ပဏီက ကမ္ဘာ့ကား ဈေးကွက်မှာ တစ်ဟုန်ထိုးကြီးထွားတိုးတက်နေတဲ့ ဈေးကွက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ထရပ်ကားထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို တရုတ်နိုင်ငံမှာ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဟွန်ဒိုင်းကုမ္ပဏီက ပြောကြားလိုက်တယ်။
ဟွန်ဒိုင်းကားကုမ္ပဏီနဲ့ တရုတ်နိုင်ငံ စီချွမ်နမ်ဂျမ် ကားကုမ္ပဏီတို့က ၅၀-၅၀ အချိုးနဲ့ ဖက်စပ် ပါဝင်ကြပြီး စက်ရုံကို ၂၀၁၄ ခုနှစ် ပထမနှစ်ဝက် ကာလအတွင်း အပြီးသတ်ဆောက်လုပ်သွားမှာ ဖြစ်တယ်။  ၎င်းင်းစက်ရုံမှ နှစ်စဉ်ကားအစီးရေပေါင်း  ၁၅၀၀၀၀ ထုတ်လုပ်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကားဝယ်လိုအား ကြီးထွားတိုးတက် နေမှုကို ပြည့်မီနိုင်ဖို့အတွက် ကားအစီးရေပေါင်း ၃၀၀၀၀၀ ထိ တိုးတက်ထုတ်လုပ်သွားဖို့လည်း မျှော်မှန်းထား ကြောင်းနဲ့ ဘတ်စ်ကားအစီးရေပေါင်း ၁၀၀၀၀ ကိုလည်း ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်သွားဖို့လည်း စီမံကိန်း ထားရှိကြောင်း သိရတယ်။ ယခုတည်ဆောက်တဲ့ စီချွမ်ဟွန်ဒိုင်း မော်တော်ကား စက်ရုံက ဟွန်ဒိုင်းကားကုမ္ပဏီရဲ့ တရုတ်နိုင်ငံမှာ တတိယမြောက် ဖက်စပ်လုပ်ငန်းဖြစ်တယ်။  ဟွန်ဒိုင်းကားကုမ္ပဏီက တရုတ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကားအစီးရေ ပေါင်း ၄ ဒသမ ၀၃ သန်းရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ကားအစီးရေပေါင်း ၄ ဒသမ ၇၁ သန်းထိရောင်းချဖို့ မျှော်မှန်းထားကြောင်းလည်း သိရတယ်။
Source: AFP
စန္ဒာပျို