နောက်ဆုံးရသတင်း
| အီးယူဒေသကြွေးမြီ အကျပ်အတည်းကြောင့် ယူရိုငွေတန်ဖိုးအပါအ၀င် တောင်ကိုရီးယားနှင့် မလေးရှား ရင်းဂစ်တို့ တန်ဖိုးကျဆင်းလာ |
|
အီးယူဒေသကြွေးမြီအကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိသေးခြင်း ၊ အီးယူဒေသစီးပွားရေး အင်အားအကောင်းဆုံး ဂျာမဏီနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ယုံကြည်မှုက နှစ်နှစ်အတွင်း အနိမ့်ဆုံးကို ရောက် ရှိသွားခြင်းတို့ကြောင့် ယူရိုငွေတန်ဖိုး ဆက်လက်
အားနည်းနေတယ်။ သြဂုတ်လ ၂၇ ရက်နေ့ လန်ဒန်စံတော်ချိန် နံနက် ၆း၅၃ နာရီ ကမ္ဘာ့ငွေလဲနှုန်းတွေအရ ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ တစ်ယူရိုကို ၁ ဒသမ ၂၅၁၂ ဒေါ်လာ အထိ ရောက်ရှိလာတယ်။ ယူရိုငွေက လွန်ခဲ့တဲ့ (၆) လအတွင်း တန်ဖိုး ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးဖြစ်ရာ ဖွံ့ဖြိုးပြီး (၁၀) နိုင်ငံ ငွေကြေးတွေအနက် တန်ဖိုးကျဆင်းမှု အများဆုံးငွေကြေးဖြစ်လာတယ်။ ၎င်းကာလအတွင်း ကန်ဒေါ်လာ တန်ဖိုး က ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားခဲ့သော်လည်း ဂျပန်ယန်းငွေက ၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်မားလာကာ စွမ်း ဆောင်မှုအား အကောင်းဆုံးငွေကြေးဖြစ်လာတယ်။ အီးယူဒေသကြွေးမြီ အကျပ်အတည်းကြောင့် စီးပွားရေး ထွန်းသစ်စနိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ၀ယ်လိုအားအေးနေရာ တောင်ကိုရီးယားဝမ်နဲ့ မလေးရှားရင်းဂစ်တွေလည်း တန်ဖိုးကျဆင်းလာတယ်။ သြဂုတ်လ ၂၇ ရက်နေ့က မလေးရှားရင်းဂစ်က တစ်ဒေါ်လာကို သုည ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းကာ ၃ ဒသမ ၁၁၁၅ ရင်းဂစ်နဲ့ မလေးရှားစံတော်ချိန် နံနက် ၁၀း၄၀ နာရီမှာ အရောင်းအ၀ယ်ဖြစ်ခဲ့တယ်။ တောင်ကိုရီးယားဝမ်ကလည်း တစ်ဒေါ်လာကို သုည ဒသမ ၂ ရာခိုင်နှုန်း တန်ဖိုးကျဆင်းကာ ၁၁၃၆ ဒသမ ၆၅ ၀မ်နဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့တယ်။ Source: bloomberg.com ပပ |
နိုင်ငံတကာနှင့် ပြည်တွင်းဈေးနှုန်းများ









