Ministry of Commerce, Myanmar ဗီယက်နမ် မဲခေါင်ဒေသမှာ ဆန်စပါးဈေး မျှော်မှန်းမထားတဲ့အထိ မြင့်တက်လာ
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနမှ ဥက္ကဌနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Kyungil (Engineering) Co.,Ltd မှ ဥက္ကဌတို့အားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကြည့်ရှုအားပေး
နိုင်ငံတကာကုန်သွယ်မှုစင်တာ၏ နည်းပညာအကူအညီဖြင့် အစိုးရ-ပုဂ္ဂလိက-အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲကြမည့် မြန်မာနိုင်ငံ၏ အမျိုသားအဆင့်ပို့ကုန်မဟာဗျူဟာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ဗီယက်နမ် မဲခေါင်ဒေသမှာ ဆန်စပါးဈေး မျှော်မှန်းမထားတဲ့အထိ မြင့်တက်လာ
ဗီယက်နမ် မဲခေါင်ဒေသမှာ ယာယီဆန်သိုလှောင်ဖို့ ၀ယ်ယူမှုပြီးဆုံးပြီးတဲ့နောက် စပါးအခြောက်ဈေးက တစ်ကီလိုဒေါင် ၅၅၀၀-၅၆၀၀(တစ်တန်ကန်ဒေါ်လာ ၂၅၂-၂၆၉) နဲ့ မျှော်မှန်းမထားတဲ့ဈေးကို မြင့်တက်လာခဲ့ပါတယ်။  သြဂုတ် ၂၀ ရက် အချို့ဒေသမှာ တန်းနိမ့် IR 50404 စပါးဈေးက တစ်ကီလိုဒေါင် ၅၀၀၀ (တစ်တန်ကန်ဒေါ်လာ  ၂၄၀)ရှိခဲ့လို့ နွေစပါး ရိတ် သိမ်းချိန်ကစပြီး နောက်ပိုင်းအမြင့်ဈေးကို ရောက်ရှိခဲ့ပါတယ်။ ဆန်တင်ပို့ဖို့ရောင်းချသူတွေ ပြောကြားချက်အရ ၅ မှတ်ဆန်ထုတ် လုပ်ဖို့ စပါးဈေးဟာ တစ်ကီလိုဒေါင် ၈၆၀၀-၈၇၀၀ (တစ်တန်ကန်ဒေါ်လာ ၄၁၃-၄၁၈) ထိ မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။
တရုတ်၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေကို ဆန်တွေတင်ပို့ဖို့ အော်ဒါရရှိတဲ့အပြင် မကြာသေးခင်က အင်ဒိုနီးရှားကို ဆန်တန်ချိန် ၅ သိန်းတင်ပို့ဖို့ စာချုပ်ချုပ်ခဲ့တဲ့ သတင်းတွေကြောင့်လည်း ဆန်ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံများပျက်စီးမှုများတဲ့အတွက် ဗီယက်နမ်မှ ဆန်ပိုမိုတင်သွင်း ရဖွယ်ရှိနေပါတယ်။
နွေစပါးသီးနှံကုန်ချိန် ဆန်လက်ကျန် ပြတ်လပ်တော့မှာဖြစ်လို့ ဆန်ဈေးဆက်လက်ပြီး မြင့်တက်ဖွယ်ရှိနေပေမဲ့ အချို့ဆန် တင်ပို့သူများဟာ ကမ္ဘောဒီးယားမှဖြတ်ပြီး၊ ထိုင်းကိုဆန်အနည်းငယ်စီ တင်ပို့မှုရှိနေတယ်လို့သိရပါတယ်။  လောင်အန်ပြည်နယ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ Nang Thom Cho Dau အမည်ရှိတဲ့ အထူးစပါးမျိုးစိုက်ပျိုးဖို့ ဒေါင် ၃ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်း) ရရှိမယ့် ဟက်တာ ၁၀၀ စံပြလယ်ကွင်းတည်ထောင်ဖို့ မကြာသေးခင်က ဆုံးဖြတ်ခဲ့ပါတယ်။ ယခင်စံပြလယ်ကွင်းမှာ စိုက်ပျိုးတဲ့လယ်သမားများကိုအရည်အသွေးမြင့် မျိုးစေ့ ၁၀၀ ရာခိုင်နှုန်းနဲ့ မြေသြဇာ နဲ့ အပင်ကာကွယ်ဆေးအတွက် ၃၀ ရာခိုင်နှုန်းကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။
Nang Thom Cho Dau ဆန်ကို မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်အမည်နဲ့ ထုတ်ပိုးသွားမှာဖြစ်ပြီး စားသုံးသူများ အတုအပ၀ယ်ယူခြင်းမှကာကွယ်ဖို့လည်း သိသာထင်ရှားတဲ့ မူရင်းအမှတ်တံဆိပ်နဲ့ ပြုလုပ်သွားမယ်လို့သိရပါတယ်။  KienGiang သစ်တောနဲ့ စိုက်ပျိုးရေးကုမ္ပဏီကိုလည်း လယ်မြေဟက်တာ ၁၂၀၀ မှာ ဗီယက်နမ်ွဗဏ စနစ်နဲ့ တန်းမြင့်စပါး စိုက်ပျိုးတဲ့ ဧရိယာတိုးတက်ရေး စီမံချက်ဆက်လက်ဆောင်ရွက်ဖို့  Kien Giang ပြည်နယ် ပြည်သူ့ကော်မတီမှလည်း ခွင့်ပြုချက်ပေး ထားကြောင်း သိရပါတယ်။ ယင်းလယ်မြေရဲ့ ၄၀ ရာခိုင်နှုန်းမှ တောင်သူ ၃၀၀၀ နီးပါးအတွက် အလုပ်အကိုင် အခွင့်အလမ်း ခွဲဝေပေးခွင့်ရရှိမှာဖြစ်ပါတယ်။ 
Source: singon times
လ၀န်း