|
၂၀၁၂ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ (၉) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ UMFCCI မှ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများ အစည်းအဝေးကျင်းပပါသည်။ အဆိုပါအစည်းအဝေးတွင် ပြပွဲခင်းကျင်းပြသရေး၊ ပြခန်း ဆောင်ဒီဇိုင်းအတည်ပြုရေးနှင့် အခြားဆောင်ရွက်ရမည့်ကိစ္စများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြပွဲကျင်းပရေး ဆပ်ကော်မတီအဖွဲ့ဝင်များမှ ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများကို ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြောင်း သိရှိရပါသည်။
|