Ministry of Commerce, Myanmar အလားအလာကောင်းသော ပီလောပီနံ
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနမှ ဥက္ကဌနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Kyungil (Engineering) Co.,Ltd မှ ဥက္ကဌတို့အားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကြည့်ရှုအားပေး
နိုင်ငံတကာကုန်သွယ်မှုစင်တာ၏ နည်းပညာအကူအညီဖြင့် အစိုးရ-ပုဂ္ဂလိက-အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲကြမည့် မြန်မာနိုင်ငံ၏ အမျိုသားအဆင့်ပို့ကုန်မဟာဗျူဟာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
အလားအလာကောင်းသော ပီလောပီနံ
စက်မှုကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်တဲ့ ပီလောပီနံဥတွေကို အချိုမှုန့်၊ ကော်မှုန့်ပြုလုပ်ရာမှာ ထည့် သွင်းအသုံးပြုကြတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စက္ကူချောတွေကိုထုတ်လုပ်ရာမှာ အပေါ်ယံကြွေသားကောင်းမွန်စေဖို့အတွက် ပီလောပီနံမှုန့်တွေကို ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါတယ်။ ပီလောပီနံတွေကို စိုက်ပျိုးပြီးတစ်နှစ်အကြာမှာ ဥတွေကိုတူးဖော်ပြီး ရရှိသော်လည်း အရွယ်အစား ပိုမိုကြီးမားတဲ့ဥတွေကို နှစ်နှစ်ကျော်မှသာ တူးဖော် ရရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ ပီလောပီနံကို ကုမ္ပဏီကြီးအချို့မှ စီမံကိန်းချမှတ်ကာ ရင်းနှီးမြှုပ်နှံစိုက်ပျိုးလျက်ရှိရာ ကချင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အောင်မြင်မှုတွေရရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ပင်လယ်ရေကြောင်းမှ ပီလောပီနံနဲ့ ပီလောပီနံမှုန့်တင်ပို့မှုကို ဘဏ္ဍာနှစ်အလိုက် လေ့လာကြည့်ရာ မှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ တန် လေးရာ့ရှစ်ဆယ်ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန် နှစ် ထောင့်သုံးရာကျော်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်တစ်သောင်းရှစ်ထောင်နီးပါးအထိ တိုးတက် တင်ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ ပီလောပီနံတင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာရာ အလား အလာကောင်းတဲ့ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြရပါတယ်။             
နွဲ့နွဲ့ဌေး