နောက်ဆုံးရသတင်း
| ဇူလိုင်လမှာ ဗီယက်နမ်မှ ဆန်တန် ၈ သိန်းခန့်တင်ပို့နိုင် |
|
ကမ္ဘာမှာ ဆန်ဒုတိယအများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံဟာ ဇူလိုင်လမှာ ဆန်တန်ချိန် ၈၀၀၀၀၀ ကို သင်္ဘောတင်နိုင်ခဲ့တယ်လို့ ဟနွိုင်းအထွေထွေစာရင်းရုံး (GSO) က ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။ ယမန်နှစ်ကာလတူမှာ တန် ၇၅၀၀၀၀ တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင်
၂၃ ရာခိုင်နှုန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ၂၀၁၂ ခုနှစ် ပထမ ၇ လတာကာလမှာ တန်ချိန် ၄ ဒသမ ၆၂ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ်နဲ့နှိုင်းယှဉ်လျှင်တော့ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ Source: Bloomberg CMK |
နိုင်ငံတကာနှင့် ပြည်တွင်းဈေးနှုန်းများ









