နောက်ဆုံးရသတင်း
| ဗီယက်နမ် မဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး တစ်စိတ်တစ်ဒေသအဖြစ် ၂၀၁၅ ခုနှစ် အထိ နှစ်စဉ်အနည်းဆုံး ဆန်တန်ချိန် ၆ သန်းမှ ၇ သန်း တင်ပို့သွားရန် ဗီယက်နမ်ဝန်ကြီးချုပ်ညွှန်ကြား |
|
ကမ္ဘာ့ဒုတိယမြောက်ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇ ဒသမ ၂ သန်းအထိ ရောက်ရှိစံချိန်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာလည်း တန်ချိန် ၇ သန်းမှ ၇ ဒသမ ၃ သန်း အကြား တင်ပို့နိုင်ဖွယ်ရှိတယ်လို့
အစိုးရကခန့်မှန်းထားတယ်။ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်ကို အနည်းဆုံးဆန်တန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့သွားဖို့ရည်မှန်းထားကြောင်း ၊ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတစ်စိတ်တစ်ဒေသအဖြစ် ယခုလိုမျိုး ဆန်တင်ပို့ဖို့ ရည်မှန်းချက်ကို ချမှတ်လိုက်ခြင်းဖြစ် ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က ဇူလိုင်လ ၁၉ ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ညွှန်ကြား ချက်တစ်စောင်မှာ ဖော်ပြပါရှိလာတယ်လို့ သိရတယ်။ ၄င်းညွှန်ကြားချက်က မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုတည်းအတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတွက်တော့ မရည်ရွယ်ကြောင်း သိရတယ်။ ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသက နိုင်ငံစုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်း ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၊ စပါးစိုက်ပျိုးဖို့ ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း ဟက်တာပေါင်း ၁ ဒသမ ၈ သန်း ~ ၁ ဒသမ ၈၅ သန်း ၀န်းကျင် (ဧကပေါင်း ၄ ဒသမ ၄၅ သန်း ~ ၄ ဒသမ ၅၇ သန်း) ထားရှိရမယ်လို့ သတ် မှတ်ထားကြောင်း ၊ ၄င်းဒေသမှာ မြို့ပြတည်ဆောက်မှုချဲ့ထွင်ခြင်းတွေ အရှိန်အဟုန်မြင့်လာပေမဲ့လည်း စပါး စိုက်ပျိုး မြေများစွာ ချန်လှပ်ထားခြင်းမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှုတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုး တိုး တက်ရေးအတွက် ရည်ရွယ်ကြောင်း သိရတယ်။ Source :Brecorder.com ပပ |
နိုင်ငံတကာနှင့် ပြည်တွင်းဈေးနှုန်းများ









