Ministry of Commerce, Myanmar ယူရိုငွေသည် ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးဆက်လက်ကျဆင်းဦးမည်ဟု ပိုမိုယုံကြည်လာ
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနမှ ဥက္ကဌနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Kyungil (Engineering) Co.,Ltd မှ ဥက္ကဌတို့အားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကြည့်ရှုအားပေး
နိုင်ငံတကာကုန်သွယ်မှုစင်တာ၏ နည်းပညာအကူအညီဖြင့် အစိုးရ-ပုဂ္ဂလိက-အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲကြမည့် မြန်မာနိုင်ငံ၏ အမျိုသားအဆင့်ပို့ကုန်မဟာဗျူဟာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ယူရိုငွေသည် ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးဆက်လက်ကျဆင်းဦးမည်ဟု ပိုမိုယုံကြည်လာ
အီးယူဒေသအလုပ်လက်မဲ့ဦးရေ မှတ်တမ်းတင်ဖွယ်မြင့်မားခဲ့တဲ့အပြင် ကုန်ထုတ်လုပ်မှုကျုံ့သွားတယ်လို့ ဇူလိုင်လ (၂) ရက်နေ့မှာ ထုတ်ဝေမယ့်အစီရင်ခံစာမှာ ဖော်ပြမယ်လို့သိရတယ်။ ၎င်းသတင်းကြောင့် ဥရောပ ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို လျော့ချမယ့် အလားအလာကို ပိုမိုခိုင်မာလာစေကာ ယူရိုငွေတန်ဖိုးက လဲလှယ် ဖက်ငွေကြေးတွေနဲ့ ယှဉ်ရင် တန်ဖိုးကျဆင်းသွားတယ်။ ဥရောပဗဟိုဘဏ် (ECB) က ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလမှစပြီး အတိုးနှုန်း (borrowing costs) ကို အနည်းဆုံးနှုန်းအဖြစ် ၁ ရာခိုင်နှုန်းသာ သတ်မှတ်ထားတယ်။ လာမယ့် ဇူလိုင်လ (၅) ရက်နေ့မှာ အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်း ထပ်မံလျော့ချကောင်း လျော့ချလိမ့်မယ်လို့ စီးပွားရေး ပညာရှင်တစ်ချို့က ခန့်မှန်းကြတယ်။ ဒါ့ကြောင့် ယူရိုငွေတန်ဖိုး ကျဆင်းသွားရာ ဇူလိုင်လ (၂) ရက်နေ့ နိုင်ငံတကာ ငွေလဲနှုန်းတွေအရ လန်ဒန်စံတော်ချိန် နံနက် ၇း၀၂ နာရီမှာ ယူရိုငွေက ဇွန်လ (၂၉) ရက်နေ့ နယူးယောက် ဈေးကွက်အပိတ်ဈေးအောက် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ တစ်ယူရိုကို ၁ ဒသမ ၂၆၂၅ ဒေါ်လာ ဖြစ်သွားတယ်လို့ သိရတယ်။ ကြိုပွိုင့်ရောင်းဝယ်သူများ/ကုန်သည်များကတော့ ယူရိုငွေက ဒေါ်လာနဲ့ လဲလှယ် ရာမှာ တန်ဖိုးဆက်လက်ကျဆင်းဦးမယ်လို့ ပိုမိုယုံကြည်လာကြတယ်။ ၀ါရှင်တန်အခြေစိုက် ကုန်စည်ကြိုပွိုင့်ရောင်း ၀ယ်ရေး ကော်မရှင်တွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုကြည့်ပြီး သုံးသပ်ကြတယ်လို့ သိရတယ်။ ဇူလိုင်လ (၅) ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ ECB အနေနဲ့ အတိုးနှုန်းကို ပြောင်းလဲမှုရှိခြင်း ၊ မရှိခြင်းအပေါ် မူတည်ပြီး ဈေးကွက် အခြေအနေက ပြောင်းလဲဖွယ်ရှိနိုင်တယ်လို့ သိရတယ်။
Source:    bloomberg.com
ပပ