Ministry of Commerce, Myanmar AEC အစီအစဉ်အတွက် ထိုင်းစားသောက်ကုန်လုပ်ငန်းအများစုမှာ ပြင်ဆင်ရခြင်းမရှိသေး
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနမှ ဥက္ကဌနှင့် ကိုရီးယားနိုင်ငံအခြေစိုက် Kyungil (Engineering) Co.,Ltd မှ ဥက္ကဌတို့အားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းအား ကြည့်ရှုအားပေး
နိုင်ငံတကာကုန်သွယ်မှုစင်တာ၏ နည်းပညာအကူအညီဖြင့် အစိုးရ-ပုဂ္ဂလိက-အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲကြမည့် မြန်မာနိုင်ငံ၏ အမျိုသားအဆင့်ပို့ကုန်မဟာဗျူဟာ
ပို့ကုန်သွင်းကုန်လုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
AEC အစီအစဉ်အတွက် ထိုင်းစားသောက်ကုန်လုပ်ငန်းအများစုမှာ ပြင်ဆင်ရခြင်းမရှိသေး
၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အ၀န်းမှာ အောင်မြင်စွာပါဝင်နိုင်ရေး ထိုင်းစားသောက်ကုန်လုပ်ငန်း လည်ပတ်သူများ အသင့်မဖြစ်သေးဘူးလို့ ထိုင်းနိုင်ငံစားသောက်ကုန်အဖွဲ့ (NFI) ရဲ့ စစ်တမ်းကောက်ယူချက်မှာ ဖော်ပြထားပါတယ်။ မေလ ၈ ရက်မှ ၂၅ ရက်အတွင်း စားသောက်ကုန် ထုတ်လုပ်သူ ၇၈ ဦးကို စစ်တမ်းကောက်ယူ ခဲ့ရာမှာ အသေးစား လုပ်ငန်း ၁၅ ခု၊ အလယ်အလတ်လုပ်ငန်း ၁၇ ခုနဲ့ အကြီးစားလုပ်ငန်း ၄၆ ခု ပါဝင်တယ်လို့ သိရပါတယ်။ ယင်းစစ်တမ်းအရ ၅၅ ရာခိုင်နှုန်းမှာ အသင့်မဖြစ်သေးပေမယ့် ၄၅ ရာခိုင်နှုန်းမှာတော့ ကောင်းစွာ ပြင်ဆင်ထားတယ်လို့ ယင်းလုပ်ငန်းရှင်များက ပြောကြားကြောင်း သိရပါတယ်။
ထိုင်းစားသောက်ကုန်လုပ်ငန်းရှင်များရဲ့ ၈၃ ရာခိုင်နှုန်းမှာ AEC အတွက် အသင့်မဖြစ်သေးကြောင်း၊ စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ ဆန်ကုန်သည်များ၊ အသီးအရွက်ဆီ ထုတ်လုပ်သူများ၊ သစ်သီးနဲ့ဟင်းသီး ဟင်းရွက်ပြုပြင်ထုတ်လုပ်သူများ၊ အဖျော်ယမကာ ထုတ်လုပ်သူများနဲ့ ပင်လယ်စာပြုပြင်ထုတ်လုပ်သူများမှာ AEC အတွက် ပြင်ဆင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ ထိုင်းစီးပွားကူးသန်းရဲ့ နိုင်ငံတကာကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြားရေးမှူး Aat  Pisanwanich ပြောကြားရာမှာ ထိုင်းနိုင်ငံအသေးစားနဲ့ အလတ်တန်းစား လုပ်ငန်းရှင် (SMEs) များမှာ အခြားနိုင်ငံ စားသုံးသူတွေရဲ့ အရသာ၊ အလေ့အထများနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မရှိ တာကြောင့် ဈေးကွက်ဦးဆောင်နိုင်ဖို့ ခက်ခဲတယ်ဆိုတာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များဟာ ၎င်းတို့ရင်းနှီးမြှုပ်နှံမှုမပြုမီ လေ့လာဖို့လိုအပ်တဲ့ နိုင်ငံခြားဥပဒေများနဲ့ အခွန်နှုန်းထားများကိုလည်း နားလည်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ အခြားအာဆီယံနိုင်ငံများရဲ့ နိုင်ငံရေး၊ အခြေအနေအကျိုးအမြတ်ရရှိနိုင်ဖို့ ၎င်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အတန်းများ နားလည်ဖို့လိုအပ်တယ်လို့ ထိုင်းကုန်သည်များအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး Pornsil  Patchrintanakul မှ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံမှာ အားထားရဆုံးနိုင်ငံဖြစ်ပြီး၊ ထိုင်းနိုင်ငံထုတ်ကုန်ရဲ့ စံချိန်စံနှုန်းနဲ့ အရည်အသွေး ဟာလည်း မြင့်မားတဲ့အထဲမှာ ထည့်သွင်းစဉ်းစားထားကြပါတယ်။ ဒါပေမယ့်လည်း ထုတ်ကုန်ရောင်းချမှု ကွင်းဆက်အတွင်း ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာ နားလည်ဖို့တော့ လိုအပ်တယ်လို့ Mr  Pornsil  မှ ဆိုပါတယ်။
Source: bangkok post
ယမင်းခင်