Ministry of Commerce, Myanmar အာရှရဲ့သကြားအိုးကြီးဖြစ်ဖို့ ထိုင်းနိုင်ငံရည်မှန်း
readmore1
This is description

dotp simple

TTI_Banner

၂၀၁၃တွင် မော်တော်ယာဉ် CIF ဈေးနှုန်းများရှာရန်

Model Year
Year Range
-
Group
Brand
Sub Brand
CIF ဈေးနှုန်း
-
စီးပွား/ကူးသန်းထုတ် စာစောင်များ


နောက်ဆုံးရသတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ၂၀၁၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် တက်ရောက်အားပေး
မူဆယ်-မန္တလေးလမ်းကြောင်းပေါ်ရှိ Mobile Team ၏တာဝန်များအား လွှဲပြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများ၊ ထူးချွန်အားကစားသမားများ၊ သင်တန်းထူးချွန်သူဝန်ထမ်းများ ဆုချီးမြှင့်ပွဲကျင်းပ
ကုန်သွယ်မှုဆိုင်ရာရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၃) ကျင်းပ
အာရှရဲ့သကြားအိုးကြီးဖြစ်ဖို့ ထိုင်းနိုင်ငံရည်မှန်း
ကမ္ဘာ့ဒုတိယသကြားအများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၂-၁၃ မှာ သကြားထုတ်လုပ်မှုတန်ချိန် ၁၀ ဒသမ ၄ သန်း ရှိမယ်လို့ခန့်မှန်းထားပြီး၊ အာရှနိုင်ငံတွေမှာ မြင့်တက်နေတဲ့ စားသုံးမှုအတွက်ရောင်းချဖို့ နှစ်စဉ်ထက် ပိုမိုထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း ထိပ်တန်းသကြားလုပ်ငန်းအရာရှိတစ်ဦးမှဆိုပါတယ်။ ယခုခန့်မှန်းမှုအသစ်က မေလမှာခန့်မှန်းထားတဲ့ သကြားတန်ချိန် ၁၀ ဒသမ ၂ သန်း- ၁၀ ဒသမ ၃ သန်းထက်  ၁-၂ ရာခိုင်နှုန်းမြင့်တက် ကြောင်းသိရပါတယ်။
၂၀၁၁-၁၂ မှာ သကြားတန်ချိန် ၁၀ ဒသမ ၂ သန်းထိ စံချိန်တင်ထွက်ရှိရာမှ ယခုနှစ်မှာ ပိုမိုမယ်လို့ ဆိုပါတယ်။ ကြံစိုက်ဧရိယာကိုတိုးချဲ့ပြီး နှစ်စဉ်သကြားပိုမိုထုတ်လုပ်ဖို့ရည်မှန်းကာ ပိုမိုကောင်းမွန်တဲ့ စိုက်ပျိုး နည်းပညာများကိုအသုံးချပြီး အာရှရဲ့သကြားအိုးကြီးဖို့ ရည်မှန်းထားတယ်လို့ ကြံနဲ့သကြားဘုတ် (OCSB) ရုံးမှ အထွေထွေအတွင်းရေးမှူး Prasert Tapaneeyangkul  မှ ပြောကြားပါတယ်။ ၂၀၁၂-၁၃ သီးနှံမှ ပြည်တွင်းစားသုံးဖို့အတွက် ပုံမှန်သကြားတန်ချိန် ၂ ဒသမ၂ သန်းမှ ၂ ဒသမ ၄ သန်းကို ပိုမိုသတ်မှတ်ဖွယ်ရှိပါတယ်။ အဲဒီလိုပိုမိုခြင်းအားဖြင့် ၂၀၁၃ မှာ ကမ္ဘာ့ဈေးကွက်ကိုရောင်းချဖို့ ထိုင်းနိုင်ငံမှာ သကြားတန်ချိန် ၈ သန်းခန့်ထိ ပိုလျှံမှုစံချိန်တင်မြင့်တက်လာမယ်လို့ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံက သကြား   တန်ချိန်၆ ဒသမ ၇၁ သန်းတင်ပို့ခဲ့ပြီး၊ ထွက်ရှိမှုမြင့်တက်ပြီး ၀ယ်လိုအား ခိုင်မာနေတာကြောင့် ယခုနှစ်မှာ တန်ချိန် ၇ သန်းအထိ နောက်ထပ်စံချိန်သစ်အနေနဲ့ တင်ပို့ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Prasert ပြောကြားရာမှာ ထိုင်းသကြားလုပ်ငန်းဟာ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ဆိုပါတယ်.။ အခြားနိုင်ငံတွေထက် သကြားထုတ်လုပ်မှု အလွယ်တကူ တိုးမြှင့်နိုင်မှာဖြစ်ပြီး၊ သကြားမလုံလောက်တဲ့ အာရှနိုင်ငံတွေကို ရောင်းချနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ၀ယ်လိုအားဆက်လက်ခိုင်မာမှုဖြစ်ပြီး အထူးသဖြင့်တရုတ်နိုင်ငံက အ၀ယ်ဆက်ရှိမယ်လို့ ၎င်းမှဆက်လက်ပြောကြားပါတယ်။     Business Recorder 
ယမင်းခင်