|
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို သြဂုတ်လ (၂၈)ရက်နေ့၊ ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်ပြီး ရုံးချုပ်တွင် အောက်ပါ ဌာနခွဲ (၇)ခုဖြင့် ပါဝင်ဖွဲ့စည်းထားပါသည် - (၁) စီမံရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ငွေစာရင်းဌာနခွဲ (၃) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ (၄) ကုန်သွယ်မှု မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် စိစစ်ရေးဌာနခွဲ (၅) ကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲ (၆) ပို့ကုန်ဌာနခွဲ (၇) သွင်းကုန်ဌာနခွဲ ရုံးခွဲများအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃)ခု၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်
(၁) နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်စေရန် (၂) နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရန်နှင့် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် (၃) နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝ ရရှိစေရန် (၄) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန်နှင့် ထိုက်သင့်သော အကျိုးအမြတ် ဖြစ်ထွန်းစေရန် (၅) ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့စေရန် |










