မိုဘိုင်းလ်ဖုန်းသုံးစွဲလို့ကလေးများ ကျန်းမာရေးထိခိုက်မှုမရှိနိုင်။
မိုဘိုင်းလ်ဖုန်းမှ အသံလျှပ်စစ်လှိုင်းဓာတ်ရောင်ခြည်ဟာ ကလေးငယ်များနဲ့ လူငယ်များအတွက် အချိန်တိုအတွင်း ကျန်းမာရေးအတွက် ထိခိုက်မှုအန္တရာယ်မရှိနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ဂျာမဏီနိုင်ငံ ဘာလင်ဆေးသုတေသနပညာရှင်အဖွဲ့က ဇန်န၀ါရီ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီသုတေသနအဖွဲ့ဟာ အသက် ၈ နှစ်မှ ၁၇ နှစ်အတွင်း ကလေးလူငယ်ပေါင်း ၃၀၀၀ ကျော်ကို radiation (ဓာတ်ရောင်ခြည်)သက်ရောက်မှုကို တိုင်းတာကြည့်ရာတွင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးပြီး မအီမသာဖြစ်ခြင်း စသည့်ရောဂါလက္ခဏာများနဲ့ ဆက်နွယ်သက်ရောက်မှုမရှိကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒါပေမယ့် အချိန်ကာလကြာရှည်စွာ မိုဘိုင်းဖုန်းအသုံးပြုခဲ့တဲ့ကလေးတွေမှာတော့ သူတို့ရဲ့ အာရုံကြော ဆိုင်ရာနဲ့ ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှုနှေးကွေးစေနိုင်ကြောင်း ( BFS (Federal Office For Radiation Protection)) အဖွဲ့က အစီရင်ခံစာတစ်စောင်မှာဖော်ပြခဲ့ပါတယ်။
မိုဘိုင်းဖုန်းရဲ့ အသံလျှပ်စစ်လှိုင်းဟာ ကလေးလူငယ်များအပေါ် ရေရှည်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်ခဲ့ တဲ့ဆိုးကျိုးသက်ရောက်မှုကိုတော့ ဆက်လက်လေ့လာ စမ်းစစ် နေဆဲဖြစ်ကြောင်း BFS မှ တာဝန်ရှိသူတစ်ဦးက ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ဒါကြောင့် ကလေးသူငယ်များအတွက် နည်းပညာအသစ်များဖြင့် စမ်းသပ်စီမံ ကာကွယ် မှုပြုထားတဲ့ လက်ကိုင်ဖုန်းများအသုံးပြုသင့်ကြောင်း၊ အသက် ၈ နှစ်မှ ၁၂ နှစ် အတွင်း ကလေးလူငယ် အများစု ၉၀ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းကို အသုံးပြုချင်ကြကြောင်း သိရပါတယ်။
Source:Channel News Asia
အေးအေးမြ
|