MOC Home|Download Font|Contact

Trade News

ကျန်းမာရေးသတင်း (05- 01 - 2010)

လက်ထပ်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်။

နယူးဇီလန်နိုင်ငံ Otago တက္ကသိုလ်မှဆေးဘက်ဆိုင်ရာ စိတ်ရောဂါဗေဒပညာရှင် Kate Scott ဦးဆောင်သော သုတေသီအဖွဲ့ တစ်ဖွဲ့သည် နိုင်ငံပေါင်း ၁၅နိုင်ငံမှလူပေါင်း ၃၅၀၀၀ ခန့်ကိုပြည့်စုံစေ့စပ်စွာ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာ လက်ထပ်ပြီး လင်မယားအတူပေါင်းသင်းနေထိုင်စဉ်ကာလတွင် စိတ်ဓါတ်ကျဆင်း မှုနှင့်စိတ်သောက ရောက်မှုဖြစ်ခြင်း နည်းပါးကြောင်းလေ့လာတွေ့ရှိခဲ့ရတယ်လို့ Gossip မဂ္ဂဇင်းမှာရေးသား ဖော်ပြခဲ့ကြောင်းသိရှိရပါတယ်။လက်ထပ်ခြင်းဟာ ယောက်ျားနှင့် မိန်းမနှစ်ဦးစလုံး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေကြောင်း တွေ့ရှိရပါတယ်လို့စိတ်ပညာရှင်ကိတ်စကော့ကဆိုပါတယ်။ထိုလေ့လာ တွေ့ရှိချက်အရယောက်ျားများသည် မိန်းမများ ထက် လက်ထပ်ခြင်းတွင်စိတ်ကျဝေဒနာ ( Depression ) ဖြစ်ပေါ်မှု အလွန်နည်းပါးကြောင်းတွေ့ရှိရတယ်လို့သိရပါတယ်။ဒီလေ့လာတွေ့ရှိမှုဟာ လွန်ခဲ့သောဆယ်စုနှစ်တစ်စု ကျော်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ကမ္ဘာ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအဖွဲ့အစည်း (World Mental Health) မှ ဖွံ့ဖြိုးပြီးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြုလုပ်သော ဆန်းစစ်လေ့လာတွေ့ရှိချက်ကို အခြေခံပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊လက်ထပ်ခြင်းသည် စိတ်ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်ကြောင်း အင်တာနက် သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Source:chinaview.com
အေးအေးမြ