ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map
The 2nd World Original Commodity Trade Fair တရုတ်တွင် ကျင်းပမည်
03 February 2010
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Tianjin မြို့တွင် The 2nd World Original Commodity Trade Fair ကို ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါပြပွဲကို Tianjin Sports & Exhibition တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပြပွဲတွင် သီနှံနှင့် လယ်ယာထွက်ကုန်၊ သဘာဝ သစ်ပင်ပန်းမန်များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အရက်နှင့် အဖျော်ရည်များ၊ နေ့စဉ်အသုံးပြုနေရသည့် အိမ်သုံးပစ္စည်းများ၊ ပရိဘောဂများ၊ သားရေနှင့် အထည်အလိပ်များ၊ အ၀တ်အထည်များ၊ အလှကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် နည်းပညာမြင့် ပစ္စည်းများကို စုံစုံလင်လင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သည့် Tianjin Foreign Economic Trade & Exhibition Co Ltd မှ ဆိုသည်။ ယခုပြပွဲကို စီးပွားရေးအချက်အချာ ဒေသဖြစ်ပြီး လူဦးရေ ၁၀ သန်းရှိသည့် Tianjin မြို့တွင် ကျင်းပခြင်းအားဖြင့် လာရောက်ပြသသည့် လုပ်ငန်းများအတွက် ဈေးကွက်အလားအလာကောင်းများ ဖန်တီပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ယခင်နှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြပွဲသို့ နိုင်ငံ ပေါင်း ၃၀ ကျော်မှ ပါဝင်ပြသခဲ့ပြီး ပြည်ပဧည့်သည်အများအပြား လာရောက်ကြည့်ရှု့ခဲ့သည့် ပြပွဲတခု ဖြစ်သဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်ပြပွဲကိုလည်း ယခင်ပြပွဲမှ အတွေ့အကြုံများ ရယူ ပေါင်းစပ်ကာ အကောင်းဆုံး ပြပွဲတခုဖြစ်အောင် စီစဉ်ဆောင်ရွက် ပေးသွားမည်ဟု ပြပွဲစီစဉ်သူများက ဆိုသည်။ မြန်မာမှလုပ်ငန်းရှင်များကို လာရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရှိရပြီး စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရသည်။ ပြပွဲစီစဉ်သူများကို တိုက်ရိုက်ဆက်သွယ်လိုပါက email လိပ်စာ imexhibition@gmail.com နှင့် andianosun85@hotmail.com သို့ ဆက်သွယ်နိုင်ပါသည်။
Agrinex International Expo 2010 ကုန်စည်ပြပွဲ
10 November 2009
အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဦးစီး၍ Agrinex International Expo 2010 ကုန်စည်ပြပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၀ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများအား ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်တိုးချဲ့နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရ သည်။ ပြပွဲအတွင်း မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပျိုးပင်၊ ရိတ်သိမ်းမှု နည်းပညာ၊ စက်ပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းမျိုးစုံ၊ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဖြူးမှု၊ စားသောက်ကုန်ထုတ်လုပ်မှု၊ ထုတ်ပိုးမှုကိုပြသမည်ဖြစ်သည်။ ပြပွဲအတွင်း အင်ဒိုနီးရှားနှင့် နိုင်ငံတကာမှရောင်းချသူများနှင့် ၀ယ်ယူသူများမှ စီးပွားရေးဆွေးနွေးပွဲများကိုလည်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ဈေးကွက်သစ်ရှာဖွေရန်နှင့် စိုက်ပျိုးရေးနည်းပညာများ ကြည့်ရှုနိုင်မည့် အဆိုပါပြပွဲသို့သွားရောက်ပြသလိုသူများအနေဖြင့် UMFCCI သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး စိုက်ပျိုးရေးပစ္စည်းများ ထုတ်လုပ်တင်ပို့သူများအတွက် သွားရောက်ပြသလေ့လာသင့်သည့် ပြပွဲတခုဖြစ်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံတကာ ကုန်စည်ပြပွဲ
10 November 2009
၂၉ ကြိမ်မြောက် အိန္ဒိယနိုင်ငံတကာ ကုန်စည်ပြပွဲ (29th India International Trade Fair) ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၇ ရက် နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲကို အိန္ဒိယ ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပခြင်းဖြစ်သည်။ ယခင်နှစ်က နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၅၀၀ ကျော်ပြသခဲ့သဖြင့် အောင်မြင်မှုရရှိခဲ့သည့်ပြပွဲဖြစ်သည့် အားလျှော်စွာ ယခုနှစ်တွင်လည်း ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်အောင် ကျင်းပရန်စီစဉ်ထားကြောင်း ပြပွဲကျင်းပသူများ ကဆိုသည်။ မြန်မာနိုင်ငံမှ နှစ်စဉ်သွားရောက်ပြသလေ့ရှိသည့် အဆိုပါပြပွဲကို ယခုနှစ်တွင်လည်း လာရောက်ပြသရန်ဖိတ်ခေါ်ထားသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် UMFCCI သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
That-Luang Festival and International -Domestic Trade Fair 2009
19 October 2009
That-Luang Festival and International -Domestic Trade Fair 2009 ကို လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဘာသာရေးပွဲတော်နှင့် အတူ ကျင်းပမဲ့ အဆိုပါ ကုန်စည်ပြပွဲအတွင်း လာအို ရိုးရာ အ၀တ်အထည်များ၊ လက်မှုပစ္စည်းများ၊ သစ်သားလက်မှုအထည်များ၊ အ၀တ်အထည်များ၊ စက်မှုထွက်ကုန်များကို ဆိုင်ခန်းပေါင်း ၄၀၀ ခန့် ခင်းကျင်းရောင်းချမှာဖြစ်ပြီး ထပ်မံ၍ ပြခန်းပေါင်း ၇၅၀ ကလည်း အလားတူ ပစ္စည်းတွေ ခင်းကျင်း ပြသမှာဖြစ်ပါတယ်။ အဆိုပါပြပွဲကို လာအိုနိုင်ငံနှင့် အိမ်နီးချင်း အာရှနိုင်ငံများ အကြား ယဉ်ကျေးမှုနဲ့ စီးပွားရေးအမြင်များ ဖလှယ်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ ပြပွဲ စီစဉ်သူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံကိုလည်း လာရောက်ပြသဖို့ ဖိတ်ကြားထားတဲ့ အတွက် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ UMFCCI ကို ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ သိရတယ်။ လာအို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခမ်းခမ်းနားနား ကျင်းပတဲ့ ပြပွဲဖြစ်တဲ့အတွက် လာအို ဈေးကွက် တိုးချဲ့လိုတဲ့ မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ သွားရောက်ပြသ သင့်တဲ့ ပြပွဲတခုဖြစ်ပါတယ်။
အိန္ဒိယမော်တော်ယာဉ်ပြပွဲ
09 October 2009
အိန္ဒိယနိုင်ငံ မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်သူများအသင်း၊ စက်မှုကုန်သည်များ အသင်းနှင့် မော်တော်ယာဉ်ထုတ်လုပ်သူများက ပူးပေါင်းကြီးမှူး၍ ၁၀ ကြိမ်မြောက် မော်တော်ယာဉ် ပြပွဲကို နယူးဒေလီမြို့တွင် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့မှ ၁၁ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးတိုးတက်လာမှုနှင့်အတူ တိုးတက်လာသည့် လူလတ်တန်းစားများကြောင့် အိန္ဒိယဈေးကွက်သည် ကမ္ဘာ့မော်တော်ကား ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ကျွမ်းကျင်လုပ်သား ပေါများမှုနှင့်အတူ ထုတ်လုပ်မှု စရိတ်စကများ သက်သာသည့် အိန္ဒိယနိုင်ငံတွင် နိုင်ငံတကာမှ ကားထုတ်လုပ်သူများ တိုးတက် ရင်းနှီးမြှုပ်နှံလာ ရန်၊ ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံတကာကုမ္ပဏီများ ပူးပေါင်းဖက်စပ်လုပ်ကိုင်မှု တိုးတက်လာ စေရန်နှင့် အိန္ဒိယကားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြပွဲ ကျင်းပခြင်းဖြစ် ကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ ပြပွဲအတွင်း နောက်ဆုံးပေါ် မော်တော်ယာဉ်များ နှင့် ယာဉ်အစိတ်အပိုင်းများ၊ လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ မော်တော်ယာဉ်သုံး လျှပ်စစ် ပစ္စည်းများ၊ ကားလေအေးပေး စက်စနစ်၊ စက်ဆီချောဆီများ အပြင် မော်တော်ယာဉ်သုံး ပစ္စည်း မျိုးစုံကို ပြသမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အိန္ဒိယမှ ကုမ္ပဏီအများအပြား ပြသမည့်အိန္ဒိယ ကားပြပွဲသည် အာရှတွင် ကျင်းပသည့် အကြီးမားဆုံး ကားပြပွဲဖြစ်ပြီး စီးပွားရေး ဆက်ဆံမှု အခွင့်အလမ်းကောင်းများစွာ ရရှိမည့် ယခုပြပွဲသို့ မြန်မာနိုင်ငံမှလည်း ပါဝင်တက် ရောက်ရန် ဖိတ်ခေါ်ထားပါသည်။ သွားရောက်လေ့လာလိုသည့် ပုဂ္ဂိုလ်များအနေဖြင့် အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို www.autoexpo.in တွင် ဖတ်ရှု့နိုင်ပါသည်။
အရှေ့အလယ်ပိုင်း နာရီနှင့် ရတနာ ပြပွဲ ကျင်းပမည်
24 September 2009
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ၊ Expo Centre Sharjah မှ ကြီးမှူး၍ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ အရှေ့အလယ်ပိုင်း နာရီနှင့် ရတနာ ပြပွဲ (27th Middle East Watch and Jewellary Fair )ကို ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသည် ကာလရှည်ကြာကတည်း ကျင်းပခဲ့သော ပြပွဲဖြစ်ပြီး ဒေသတွင်း အောင်မြင်မှုအရှိဆုံး ပြပွဲတခုလည်းဖြစ်သည်။ ပြပွဲတွင် အဓိကပြသသည့် ပစ္စည်းများမှာ ပုလဲ၊ စိန်၊ ကျောက်မျက်အလွတ်များ၊ ရွှေနှင့်စိန် လက်ဝတ်ရတနာများ၊ စိန်နှင့် ပုလဲ လက်ဝတ်ရတနာ များ၊ ခရစ်စတယ်များ၊ နာရီများ၊ အခြားလက်ဝတ်ရတနာများတို့ ဖြစ်ကြောင်းသိရသည်။ ကမ္ဘာတလွှားမှ အကောင်းဆုံး လက်ဝတ်ရတနာများ ခင်းကျင်းပြသသည့်ပွဲ ဖြစ်သည့် အားလျော် စွာ ၀ယ်ယူစုဆောင်း သူများ၏ အာရုံစိုက်ခံရသည့် ယင်းပြပွဲကို နှစ်စဉ် ဧည့်သည်လာရောက်မှု ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ မြန်မာ နိုင်ငံမှ သွားရောက်ပြသလိုသည့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) သို့ ဆက်သွယ် မေးမြန်နိုင်ကြောင်း သိရှိရသည်။ ပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို www.mideastjewellery.com တွင် ဖော်ပြထားပါသည်။
Small Medium Enterprise and Cooperatives (SMESCO) International Expo 2009
24 September 2009
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ Small Medium Enterprise and Cooperatives (SMESCO) International Expo 2009 ကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲကို အင်ဒိုနီးရှား သမ၀ါယမနှင့် အသေးစား၊ အလတ်စား လုပ်ငန်း ၀န်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ ထုတ်ကုန်များကို ခင်းကျင်းပြသနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သဖြင့် အာဆီယံနိုင်ငံ များအတွက် ပြခန်းတစ်ခန်းကို စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ မြန်မာနိုင်ငံမှ သွားရောက်ပြသလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) နှင့် အင်ဒိုနီးရှားသံရုံးသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင် ကြောင်း သိရသည်။
တူရကီက ပရိဘောဂပြပွဲ
20 August 2009
တူရကီနိုင်ငံ၊ Kayseri မြို့တွင် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ EXPOMOBLE 09 – 7th Furniture export exhibition ပြပွဲကို ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲကို ယခုနှစ်တွင် ကုမ္ပဏီပေါင်း ၃၀၀ ကျော်လာရောက်ပြသပြီး ဧည့်သည်ပေါင်း သုံးသောင်းကျော် လာရောက်ကြည့်ရှု့မည်ဟု ခန့်မှန်းထားသည်။ ပြပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ပြီး တူရကီ ကျင်းပသည့် အကြီးမားဆုံး ပရိဘောဂပြပွဲတခုဖြစ်ကြောင်း သိရသည်။ နှစ်စဉ် အဆိုပါပြပွဲသို့ ပရိဘောဂနှင့် သက်ဆိုင်သည့် နိုင်ငံတကာမှ ကုန်သည်များ၊ ဒီဇိုင်းပညာရှင်များ၊ လက်ကားရောင်းချသူများ၊ ဖြန့်ချီသူများ၊ တင်သွင်း/တင်ပို့ရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ ပစ္စည်းကျွမ်းကျင်းသူများ တက်ရောက်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှလည်း အဆိုပါပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ် ထားသဖြင့် စိတ်ပါဝင်စားသည့် ပရိဘောဂလုပ်ငန်းရှင်များအနေဖြင့် UMFCCI နှင့် မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်များအသင်း တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ပြပွဲဆိုင်ရာ အသေး စိတ် အချက်အလက်များကို www.expomoble.org/en/ တွင် ဖော်ပြထားပါသည်။
ကမ္ဘောဒီးယား ပို့ကုန်သွင်းကုန်ပစ္စည်းပြပွဲနှင့် ပြည်နယ်တခု ထွက်ကုန်တခု ပြပွဲကျင်းပမည်
13 August 2009
ကမ္ဘောဒီးယား ပို့ကုန်သွင်းကုန်ပစ္စည်းပြပွဲနှင့် ပြည်နယ်တခု ထွက်ကုန်တခု ပြပွဲကို ဖနွမ်းပင်မြို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်းသိရသည်။ အဆိုပါပြပွဲနှင့် တဆက်စပ်တည်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကိုလည်း ကျင်းပရန် စီစဉ်ထားသည်ဟု ပြပွဲစီစဉ်သူများကဆိုသည်။ ပြပွဲတွင် လယ်ယာ ထွက်ပစ္စည်း၊ အလှကုန်၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ကျောက်မျက်ရတနာ၊ မော်တော်ယာဉ်အပိုပစ္စည်း၊ စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ ရာဘာပစ္စည်းများ၊ အိုင်တီပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ပိုးထည်များ၊ လျှပ်စပ်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၊ လက်မှုပစ္စည်းများ စသည်ဖြင့် စုံစုံလင်လင်ခင်းကျင်းပြသရန် စီစဉ်ထားကြောင်းသိရသည်။ အဆိုပါပြပွဲကို ကမ္ဘောဒီးယားထွက်ကုန်များဈေးကွက်ရှာဖွေရန်နှင့် ပြည်နယ်ထွက်ကုန်များကို နိုင်ငံတကာ မှသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများတက်ရောက်ပါဝင်ပြသရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ ဖိတ်ကြားထားကြောင်းသိရသည်။
ဖိလစ်ပိုင် ကုန်စည်ပြပွဲ
22 July 2009
မနီလာ F.A.M.E International (MFI) မှကြီးမှူး၍ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကုန်စည်ပြပွဲတခုကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် ပရိဘောဂနှင့် အိမ်သုံးအလှဆင်ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို အဓိကထားပြသမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များကိုလည်း ပါဝင်ပြသရန်ဖိတ်ကြားထားသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းသို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
အာဆီယံစားသောက်ကုန်နှင့် အဖျော်ရည်ယမကာ ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များတက်ရောက်မည်
22 July 2009
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် အာဆီယံစားသောက်ကုန်နှင့် အဖျော်ရည်ယမကာ ပြပွဲသို့ မြန်မာ စားသောက်ကုန်လုပ်ငန်းရှင်များတက်ရောက်မည်ဖြစ်သည်။ အဆိုပါ ပြပွဲကို အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။ ပြပွဲသို့ အာဆီယံတစ်နိုင်ငံလျှင် ကုမ္ပဏီနှစ်ခုစီဝင်ရောက် ပြသနိုင်ကြောင်းသိရသည်။ ပြပွဲကို ဆိုလ်းမြို့ရှိ Convention and Exhibition Centre (COEX) တွင် ကျင်းပမည် ဖြစ်ပြီး မုန့်မျိုးစုံ၊ သစ်သီးနှင့် သစ်သီးခြောက်များ၊ ဟင်းခပ် အမွှေးအကြိုင်၊ သစ်သီးဖျော်ရည်၊ ကော်ဖီနှင့် လက်ဘက်ရည်၊ ဘီယာ၊ ၀ိုင်၊ ၀ီစကီ စသည့် ယမကာများ၊ အေးခဲထားသည့် အစားအစာများ၊ ပင်လယ်စာများ ဖြစ်သည့် ပုစွန်၊ ကဏန်း၊ တူနားငါး၊ ပြည်ကြီးငါး၊ ငါးအသားလွှာပြားများ၊ အသားစိမ်းများ ပြသမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်း၌ ကိုရီးယားမှ ကျွမ်းကျင်သူများ လာရောက်၍ ကုမ္ပဏီများကို စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုမှ လူပုဂ္ဂိုလ်နှစ်ဦးအတွက် စရိတ်စကများကို ပြပွဲစီစဉ်သူများက ထောက်ပံ့ပေးမည်ဖြစ်သည်။ ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ထုတ်လုပ် တင်ပို့သူများအသင်း ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
4th Cambodia Import-Export & One Province One Product Exhibition 2009
17 June 2009
ကမ္ဘောဒီယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကြီးမှူး၍ 4th Cambodia Import-Export & One Province One Product Exhibition 2009 ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖနောင်ပင်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြပွဲကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေးအတွက် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန်နှင့် ပြည်တွင်းထွက်ကုန် ပစ္စည်းများကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ ပြပွဲတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ အလှကုန်၊ အ၀တ်အထည်နှင့် အထည်အလိပ်၊ ကျောက်မျက်၊ ယာဉ်အပိုပစ္စည်း၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လက်မှုပစ္စည်းများ စသည့် ထွက်ကုန်ပစ္စည်းများအပြင် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဟိုတယ် လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှလည်း ပါဝင်ပြသကြမည်ဖြစ်သည်။ ၂၀၀၈ခုနှစ် ပြပွဲတွင် ပြခန်းပေါင်း ၂၀၄ ခန်းဖြင့် ပြည်တွင်းပြည်ပကုမ္ပဏီများမှလုပ်ငန်းရှင်ပေါင်း ၁၃၅ဦး ပါဝင်ပြသခဲ့ပြီး လာရောက်ကြည့်ရှု့သူပေါင်း လေးသောင်းခန့်ရှိခဲ့သည့် အဆိုပါပြပွဲ ကို ယခုနှစ်တွင်လည် ပိုမိုကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များကိုလည်း အဆိုပါ ပြပွဲတွင် ပါဝင်ပြသရန်နှင့် လာရောက်လေ့လာကြည့်ရှု့ရန် ဖိတ်ခေါ်ထားသဖြင့် www.tpd.gov.kh တွင် ၀င်ရောက်ဖတ်ရှု့နိုင်ပါသည်။
5th Edition of Expo-Pakistan 2009 ကျင်းပပြုလုပ်မည်
10 June 2009
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် 5th Edition of Expo-Pakistan 2009 ကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။ အဆိုပါပြပွဲကို Trade Development Authority Pakistan (TDAP) နှင့် စီးပွားကူးသန်း ၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပြပွဲသည် ပါကစ္စတန်တွင်ကျင်းပသည့် ပြပွဲများအနက် အကြီးအကျယ်ဆုံး ပြပွဲတခုလည်း ဖြစ်သည်။ ပြပွဲတွင် ယာဉ်နှင် ယာဉ်အပိုပစ္စည်းများ၊ အ၀တ်အထည်များ၊ စားသောက်ကုန်များ၊ ကျောက်မျက်ရတနာများ၊ အိမ်အလှဆင်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ သတင်းနည်းပညာနှင့် သက်ဆိုင်သည့် ပစ္စည်းများ၊ သရေပစ္စည်း၊ အားကစားပစ္စည်းများ၊ ဆေးဝါးများနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ အထည်အလိပ်များအပါအ၀င် ၀န်ဆောင်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ခရီးသွားလုပ်ငန်း၊ ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများကို ပါဝင်ခင်းကျင်းပြသကြမည်ဖြစ်သည်။ အဆိုပါပြပွဲကို ၂၀၀၈ ခုနှစ်က နိုင်ငံပေါင်း ၆၆ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၆၉ ဦးပါဝင်ပြသခဲ့နိုင်သဖြင့် ယခုနှစ်တွင်လည်း ၂၀၀၈ခုနှစ်ကထက် ပိုမိုအောင်မြင်စွာ ပြသနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ပြပွဲစီစဉ်သူများက ဆိုသည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အဆိုပါပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ထားသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ အသေးစိတ်အချက်အလက်များကိုhttp://www.expopakistan.gov.pkတွင် ဖတ်ရှု့နိုင်ပါသည်။
ဘန်ကောက် RHVAC 2009 နှင့် ဘန်ကောက် E&E 2009 ပြပွဲ
27 May 2009
ထိုင်းနိုင်ငံ၊ ပို့ကုန်မြှင့်တင်ရေးဌာနမှ ကြီးမှူးပြီး ဘန်ကောက်မြို့တွင် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ Bangkok Refrigeration, Heating, Ventilation and Air-Conditioning 2009(RHVAC 2009) နှင့် Bangkok Electric and Electronics 2009 (E&E 2009) ပြပွဲနှစ်ရပ်ကို ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုပြပွဲမှ eco-friendly နည်းပညာများနှင့် ဖန်တီးတီထွင်မှုများကို အဓိကထား ဖော်ထုတ်ပြသရန်ရန် မျှော်မှန်းထားကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်နှင့် အီတလီနိုင်ငံများမှ ပြ၀င်ပါသမည့် အဆိုပါပြပွဲသို့ စီးပွားရေးသမား ၇၅၀၀ နှင့် ဧည့်သည်ပေါင်း ၁၂၀၀၀ တို့တက်ရောက်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ ကမ္ဘာကြီးပူနွေးလာမှု၊ လောင်စာဆီ အခက်အခဲပြဿနာနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများကို အာရုံစိုက်လာ သည့် ယနေ့ခောတ်တွင်Bangkok RHVAC 2009 သည် ထုတ်လုပ်သူများနှင့် ၀ယ်ယူသုံးစွဲ သူများကို အချိန်ကုန်၊ ငွေကုန်သက်သာစေပြီး တစ်နေရာတည်း၌ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေး နိုင်မည့်အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သည်။ ထိပ်တန်းကုမ္ပဏီကြီးများမှ စွမ်းအင်ချွေတာသည့် နည်းပညာများနှင့် eco-friendly နည်းပညာများအတွက် နောက်ဆုံးပေါ် ထုတ်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု အာမခံချက်များဖြင့် ရောင်းချပေးမည့် ပြပွဲသို့ စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှု့ရန် ဖိတ်ခေါ်ထားပါသည်။ ပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို www.bangkok-rhvac.com နှင့် www.thaitradefair.com တွင် ၀င်ရောက် ကြည့်ရှု့နိုင်ပါသည်။
Eco Expo Asia 2009
29 April 2009
ဟောင်ကောင်ရှိ Asia World-Expo တွင် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ Eco Expo Asia ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ဟောင်ကောင် Trade Development Council နှင့်Messe Frankfurt (HK) Ltd တို့မှ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ Environment Bureau ဌာနမှလည်း ပူးတွဲ ကြီးမှူးကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲသည် အစိုးရနှင့် ကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်းထိန်းသိမ်းမှု မြှင့်တင်ရေးကို မြင့်တင်ဆောင်ရွက်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သတ်၍ နိုင်ငံတကာမှ ကျွမ်းကျင်းသူများကိုလည်း ၎င်းင်းတို့၏ အမြင်များကို မျှဝေရန်အတွက် ဖိတ်ကြားထားကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီများကိုလည်း အဆိုပါပြပွဲတွင် ပါဝင်ပြသရန်ဖိတ်ခေါ်ထားသဖြင့် စိတ်ပါဝင်စားသူများ အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ ပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို www.ecoexpoasia.com တွင် ၀င်ရောက်ကြည့်ရှု့ နိုင်ပါသည်။