ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map
၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နမ်နင်းမြို့၌ကျင်းပ မည့် ဆဌမအကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲနှင့် ၂၀၁၀ ခုနှစ်၊ မေလတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ကျင်းပမည့် ရှန်ဟိုင်း ၂၀၁၀ ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ ခင်းကျင်းပါဝင်ပြသမည်ဖြစ်ရာ၊ ၎င်းင်းပြခန်းများအတွက် အဆိုပြုဒီဇိုင်းများကို ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းဖြင့် ရေးဆွဲလျက် မည်သူမဆိုတင်သွင်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။ ဒီဇိုင်းပြိုင်ပွဲ၏ စည်းကမ်း ချက်များ၊ အသေးစိတ်အချက်အလက်များကို ရန်ကုန်မြို့၊ ကမ်းနားလမ်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်ရုံးတွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်တွင်လည်းကောင်း၊ www.commerce.gov.mm နှင့် www.myanmartradenet.com.mm တွင်လည်းကောင်း တောင်းခံရရှိနိုင်ပြီး၊ ၁၅.၇.၂၀၀၉ ရက်နေ့ နောက်ဆုံးထားလျက်သတ်မှတ်ချက်နှင့်အညီ ပေးပို့ပါဝင်ယှဉ်ပြိုင် နိုင်ပါကြောင်းကြေငြာအပ်ပါသည်။ ရွေးချယ်ခံရသော ဒီဇိုင်း ပုံစံရေးဆွဲသူသည် အဆိုပါကုန်စည်ပြပွဲများသို့ အထူးဧည့်သည်တော်အဖြစ် စရိတ်ငြိမ်းလိုက်ပါခွင့်ရရှိမည်ဖြစ်ပါသည်။ " အသေးစိတ်အချက်များရယူရန်နှိပ်ပါ"
ပြပွဲဒီဇိုင်းရွေးချယ်ရေးဆပ်ကော်မတီ