MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (30 - 09 - 08)

မြ၀တီ-ကော့ကရိတ်လမ်းကြောင်းမှာ မိုးများပြီး ရေတိုက်စားလမ်းပြိုမှုများကို ချက်ချင်းပြင်ဆင်ပေးနိုင်ခဲ့။

မြ၀တီ-ကော့ကရိတ်လမ်းကြောင်းပေါ်ရှိ သင်္ဃန်းညီနောင်အထက် (၅) မိုင် ခန့်အကွာ ကျောက်လုံးကြီး ရေတံခွန်နဲ့ အလယ်ဗိုလ်တဲအောက်နေရာ ၃ နေရာ လောက်မှာ မိုးများပြီး ရေတိုက်စားမှုကြောင့် လမ်းပြိုခဲ့တဲ့အတွက် စက်တင်ဘာလ ၂၅ ရက် မနက် ၈း၃၀ လောက်ကစပြီး ယာဉ်များသွားလာနိုင်မှု မရှိခဲ့ပါဘူး။ဒါ့အပြင် လမ်း တစ်လျှောက် နှစ်နေရာ လောက်မှာ သစ်ပင်များလဲပြို လမ်းပိတ်လျက်ရှိပါတယ်။ ဘားအံနဲ့ သံလွင်တံတားမှာလည်း ရေကျော်ပြီး ယာဉ်များဖြတ်သန်းနိုင်ခြင်းမရှိကြောင်းလည်း မြ၀တီ-ကော့ကရိတ် ယာဉ်ငယ်လိုင်းသမားတွေထံကနေ သတင်းရရှိပါတယ်။
ယခုအခါမှာတော့ နယ်မြေခံတပ်မတော် ရဲ့ ကြီးကြပ်မှုနဲ့ ချက်ချင်းပြန်လည် ပြင်ဆင်ပေးနိုင်တဲ့အတွက် စက်တင်ဘာလ ၂၅ ရက် ၁၉း၀၀တွင် ခရီးသည်တင်ယာဉ်များ မြ၀တီသို့ စတင်ဝင်ရောက် လာနိုင်ပြီး စက်တင်ဘာလ ၂၆ ရက် နံနက်လင်းအားကြီး မှာအသုတ်လိုက် ၀င်ရောက်လာနိုင်ပြီ ဖြစ်ပါတယ်။ ယာဉ်ကြီး များကိုတော့ အလယ်ဗိုလ်တဲမှာ ညအိပ်ရပ်နားစေခဲ့ပါတယ်။
ခရီးသည်တင်ယာဉ်များကို စက်တင်ဘာလ ၂၆ ရက် နံနက် ၀၆၀၀ ချိန်ကစပြီး ကုန်သွယ်ရေးဇုန်က စေလွှတ်ခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုမှာ အခက်အခဲမရှိစေဖို့အတွက် အဆင်းနေ့ဖြစ်သော်လည်း လက်ကျန်အတက် ယာဉ်ကြီးများကို ဦးစားပေးစေလွှတ်နိုင်ခဲ့တဲ့အတွက် အတက်ယာဉ်များဟာ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉း၀၀ တွင် ကုန်သွယ်ရေးဇုန်သို့ စတင်ဝင်ရောက်နိုင်ခဲ့သလို ၂၆ ရက်နေ့ ၁၂း၃၀ ချိန်မှစပြီး သင်္ဃန်းညီနောင်မှ အဆင်းယာဉ်များကိုလည်း စတင်စေလွှတ်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: နကသ (မြ၀တီ)
KKCM