သီးပွင့်လာမည့် မောင်တောပုစွန်ဈေးကွက်။
မောင်တောမြို့ရေလုပ်ငန်းရှင် ကုန်သည်ကြီးများအား မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက်က ချေးငွေထုတ်ချေးတော့မှာဖြစ်ပါတယ်။ အရင်က လုပ်ငန်းရှင် များ၊ ငါး၊ ပုစွန်ကန်မွေးမြူသူများဟာ တစ်ဘက်နိုင်ငံကငွေချေးယူပြီး ငါး၊ ပုစွန်ကန်ပြုပြင်ခြင်း၊ သားပေါက်ထည့် ခြင်း စတာတွေကို ပြုလုပ်ကြပြီး ပုစွန်ထွက်ရှိချိန်မှာ ချေးငွေပြန်လည်ပေးဆပ်ရတဲ့အတွက် ပုစွန်ကန်လုပ်သား များဟာ သမင်မွေးရင်းကျားစားရင်း ဆိုသလို လုံးချာလည်နေပြီး အကျိုးခံစားခွင့်မရရှိဘဲ ဖြစ်နေကြပါတယ်။ အခုအခါ မွေးမြူရေးနဲ့ရေလုပ်ငန်း ၀န်ကြီးဌာနက ပုစွန်ကန်လုပ်ငန်းရှင်များကို ကျပ်သိန်း ၄၀၀၀ ထုတ်ချေးပေးတော့မှာ ဖြစ်ပါတယ်။
အဲဒီချေးငွေများကို အောက်တိုဘာလ ပထမပတ်မှာ ထုတ်ချေးပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ကုမ္ပဏီလုပ်ငန်းရှင် ၂၀ ဦးအတွက် တစ်ဦးကို ကျပ်သိန်း ၂၀၀ ထုတ်ချေးမှာဖြစ်ပြီး ငွေချေးယူမယ့် ကုမ္ပဏီများကလည်း ဘဏ်လုပ်ထုံးလုပ်နည်းအရ ပိုင်ဆိုင်မှုစာရွက်စာတမ်းများတင်ပြရမှာဖြစ်ပါတယ်။ အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ကျပ်သိန်း ၁၀၀ အတွက် တစ်နှစ်ကို ၁၇ သိန်း၊ သိန်း ၂၀၀ အတွက် ၃၄ သိန်း ဘဏ်တိုး ပေးရမှာဖြစ်ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ တစ်ဘက်နိုင်ငံမှ ချေးငွေယူပါက ဒီထက်ပိုပြီး အတိုးများတဲ့အပြင် ထွက်ရှိလာတဲ့ ရေထွက်ပစ္စည်းများကိုလည်း တစ်ဘက်နိုင်ငံတရားမ၀င်နည်းလမ်းနဲ့ ရောက်ရှိသွားမယ့်အခြေအနေကို ထိန်းသိမ်း ကွပ်ကဲနိုင်မှာဖြစ်ပြီး ပုစွန်ကန် လုပ်ငန်းရှင်များလည်း အကျိုးရှိ၊ နိုင်ငံတော်အတွက်လည်း ထိုက်သင့်တဲ့ အခွန်အခ များ ရရှိပြီး မောင်တောဒေသဟာလည်းမကြာမီအချိန်အတွင်းခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးလမ်းကြောင်း ပေါ်ကိုရောက်ရှိတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Source: နကသ (မောင်တော)
ထွန်းမြင့်
|