MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (26 - 09 - 08)

အိန္ဒိယနယ်စပ်မှာ မြန်မာ့အုန်းသီးများ တင်ပို့မှုတိုးတက်။

မြန်မာ-အိန္ဒိယနယ်စပ်၊ မိုရေးအင်ဖာမြို့ဟာ ကသည်းလူမျိုးအများစုနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။ အုန်းသီးကို ကသည်းလိုယူပီးလို့ခေါ်ဝေါ်ကြပြီး အုန်းဆီထုတ်လုပ်မှုအတွက် ပုံမှန်ဝယ်လက်ရှိတဲ့ မြန်မာ့ပို့ကုန် တစ်မျိုးဖြစ်ပါတယ်။
မကြာခင်ကျရောက်တော့မယ့် သီးတင်းကျွတ်ပွဲတော်ကာလဖြစ်တဲ့ စက်တင်ဘာလ ကုန်ပိုင်းမှ အောက်တိုဘာလ လယ်ထိမှာမိရိုးဖလာအစဉ်အလာအရ ဆွေမျိုးတော်စပ်သူ ဦးရေအလိုက် ကန်တော့ပွဲတစ်ပွဲစီဖြင့် လိုက်လံကန်တော့လေ့ရှိကြပါတယ်။ ကန်တော့ပွဲမှာ အုန်းသီး၊သစ်သီးစုံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထည့်သွင်းအသုံး ပြုပြီး အုန်းသီး ဟာ မပါမဖြစ် ပါရမယ့်ကန်တော့ပွဲဝင် ပစ္စည်းဖြစ်ပါတယ်။
ယခုအခါ ပွဲတော်ရက်နီးကပ်နေပြီဖြစ်တဲ့အတွက် ကလေးခရိုင်ဒေသအတွင်း တစ်အိမ်တက်ဆင်း အုန်းသီးများကို ၀ယ်ယူစုဆောင်းပြီး ထရော်လာဂျီများနဲ့ တမူးသို့ သယ်ယူပြီး နမ့်ဖာလုံဈေးမှာ ရောင်းချလျက်ရှိ ကြပါတယ်။
အုန်းသီးတစ်လုံးကို ကျပ် ၁၅၀ မှ ၁၇၀ ထိပေးဝယ်နေပြီး လက်လီရောင်းဈေးကတော့ ၂၄၀ မှ ၂၇၅ ကျပ်၊ ရူပီးအားဖြင့် ၉ ရူပီးမှ ၁၀ ရူပီးထိ ဈေးပေါက်လျက်ရှိပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ နမ့်ဖာလုံအမယ်စုံပစ္စည်း အုန်းသီးတင်ပို့မှုမှာ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ အုန်းသီးလုံးရေ ၆၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၉ သောင်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ အုန်းသီးအလုံးရေ ၇၀၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သည်အသင်းက သတင်းရရှိပါတယ်။
Source: နကသ (တမူး)
တင်ထွန်းဦး