၂၀၀၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ၂၀ ရက်အထိ ဓာတ်မြေသြဇာ တန်ချိန် ၁ သိန်းကျော် နယ်စပ်စခန်းများမှ တင်သွင်း။
အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် နယ်စပ်ကုန်သွယ်မှုနှင့်ဖြစ်စေ၊ ပုံမှန်ကုန်သွယ်မှုနှင့်ဖြစ်စေ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အားလျော်စွာ စိုက်ပျိုးရေး သွင်းအားစု ဓာတ်မြေသြဇာ များကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလျက်ရှိပါတယ်။ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ များကတော့ ယူရီးယား၊ ယူရီးယား ၄၆ ရာခိုင်နှုန်း၊ ကွန်ပေါင်း၊ ပိုတက်စီယံ ဓာတ်မြေသြဇာများ ဖြစ်ပါတယ်။ ဓာတ်မြေသြဇာများကိုတင်သွင်းရာမှာ ဒေါ်လာနဲ့ဖြစ်စေ၊ ကျပ်နဲ့ဖြစ်စေ သတ်မှတ်ခွင့်ပြုထားတဲ့ ကုန်သွယ်မှု နည်းလမ်းများ နဲ့အညီတင်သွင်း လျက်ရှိကြပါတယ်။
၂၀၀၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ မူဆယ်၊ လွယ်ဂျယ်၊ မြ၀တီ၊ ရိဒ်၊ တမူး၊ စစ်တွေ နဲ့မောင်တောနယ်စပ်များကနေ ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၂၅ သိန်း၊ တန်ဖိုးကန်ဒေါ်လာဖြင့် ၂၅ သန်းကျော်နဲ့ ကျပ်ဖြင့် ၁၅၂၃သန်းဖိုး တင်သွင်းခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းများကနေ သတင်း ရရှိပါတယ်။
တင်သွင်းတဲ့နိုင်ငံနဲ့ အမျိုးအစားအလိုက်ဓာတ်မြေသြဇာ ၁ တန်ကို ကန်ဒေါ်လာ ၁၈၇ မှ ၂၆၀ နှုန်းနဲ့ ကျပ်အားဖြင့် ၂၈၅၀၀၀ ကျပ်မှ ၃၂၂၄၈၀ ကျပ်နှုန်းအသီးသီးနဲ့ တင်သွင်းကြ တယ်လို့ သိရပါတယ်။
Source နယ်စပ်စခန်းများ
KKCM
|