MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (24 - 09 - 08)

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ-၂၀၀၈အား မူဆယ်မြို့၌ ဒီဇင်ဘာလဒုတိယပတ်တွင်ကျင်းပတော့မည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ-၂၀၀၈ ကို ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်မြို့၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ၃ ရက်ကြာကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ယခုအကြိမ်ကျင်းပတဲ့ ကုန်စည်ပြပွဲဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။
ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံကျင်းပနေခြင်း ဖြစ်ပါတယ်။ ယခုအကြိမ်ဆိုရင် မြန်မာဘက်မှာ စတုတ္ထအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အလှည့်လို့ သိရပါတယ်။
ကုန်စည်ပြပွဲမှာ ၃ စတုရန်းမီတာ အကျယ်အ၀န်းရှိတဲ့ ပြခန်းပေါင်း ၂၂၄ ခန်းပြသသွားမှာဖြစ်ပြီး တရုတ်နိုင်ငံက ၁၀၈ ခန်း၊ မြန်မာနိုင်ငံက ၁၀၇ ခန်း၊ အခြား အိမ်နီးချင်း နိုင်ငံများက ၉ခန်း ပါဝင်ပြသသွားဖို့ စီစဉ်ထား တယ်လို့လည်း ပြပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဘက်က ပြသမယ့် ပြခန်း ၁၀၈ ခန်းအနက် အခန်း ၃၀ ကို အခမဲ့ပြသခွင့် ပေးထားမှာဖြစ်ပြီး ပြခန်းငှားရမ်းခများကို အောက်ပါ အတိုင်း သတ်မှတ်ထားတယ်လို့ ပြပွဲကျင်းပရေးကော်မတီမှ အဆိုပါ တာဝန်ရှိသူကပဲ ပြောကြားပါတယ်။
တရုတ်နိုင်ငံ ၁ ခန်းလျှင် ယွမ် ၁၅၀၀
ပုဂ္ဂလိကကုမ္ပဏီများ ၁ ခန်းလျှင် ကျပ် ၁,၅၀,၀၀၀
အစိုးရအဖွဲ့အစည်းများ ၁ ခန်းလျှင် ကျပ် ၁,၀၀,၀၀၀
အခြားအိမ်နီးချင်းနိုင်ငံများ ၁ ခန်းလျှင် ကန်ဒေါ်လာ ၁၈၅
၂၀၀၆ ခုနှစ်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ-၂၀၀၆ ကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ ၃ ရက်ကြာနဲ့ ၂၀၀၇ ခုနှစ်က တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ-၂၀၀၇ ကို ကျယ်ဂေါင်အပြည်ပြည်ဆိုင်ရာပြပွဲနေရာမှာ ဒီဇင်ဘာလ ၁၀ ရက် မှ ၁၄ ရက်ထိ ၅ ရက်ကြာ အသီးသီးကျင်းပခဲ့တာဖြစ်ပါတယ်။
ကုန်စည်ပြပွဲမှာ ၂ နိုင်ငံက ထုတ်လုပ်ကြတဲ့ ပို့ကုန်များကို အသီးသီးပြသခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ့ပိုကုန်များအနေနဲ့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်၊ မြန်မာ့တိုင်းရင်းဆေးများ၊ ကျောက်စိမ်းလက်ဝတ်ရတနာအထည်များ၊ စားသောက်ကုန်နဲ့ စက်မှုကုန်ချောများကို ပြသခဲ့ကြသလို တရုတ်နိုင်ငံ ဘက်မှလည်း ၎င်းတို့ ထုတ်လုပ်ကြတဲ့ လူသုံးကုန်များ၊ အ၀တ်အထည်များ၊ အထည်အလိပ်များ၊ စက်မှုကုန်ချောများနဲ့ ယာဉ်ယန္တရားများကို ပြသကြပါတယ်။
၂၀၀၈-မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ-၂၀၀၈ ကျင်းပရန် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြပွဲမှာ ပါဝင်ပြသလိုရင်ပဲ ဖြစ်ဖြစ်၊ ပြပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိလို့ပဲ ဖြစ်ဖြစ်၊ စုံစမ်းမေးမြန်းခြင်ရင်တော့ ဦးကျော်ဒွန်း၊ ညွှန်ကြားရေးမှူး၊ နိုင်ငံခြားဈေးကွက် ရှာဖွေမြှင့်တင်ရေးနှင့်ပို့ကုန်သွင်းကုန်လေ့လာရေးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအမှတ် (၃)သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းအသိပေးလိုက်ရပါတယ်။

Source: နကသ (ဦး)
KKCM