MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (24 - 09 - 08)

သစ်တောထွက်ကုန်ကြိမ်၊ ၀ါးကြီး၊ ၀ါးသေးများ တိုးမြှင့်တင်ပို့နိုင်ရေး ဖောင်ဖွဲ့လုပ်ငန်းများ စတင်ဆောင်ရွက်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် တစ်ဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေထွက်ကုန်များတင်ပို့သလို သစ်တောထွက်ကုန် ကြိမ်၊ ၀ါးကြီး၊ ၀ါးသေးများကိုလည်း တင်ပို့လျက်ရှိ သော စခန်းတစ်ခုဖြစ်ပါတယ်။စက်တင်ဘာလအတွင်း ကြိမ်၊ ၀ါးကြီး၊ ၀ါးသေးများကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် ၀ါးဖောင်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ မောင်တောကုန်သည်အသင်းမှ သတင်းရရှိပါတယ်။
၂၀၀၈-၀၉ ဘဏ္ဍာနှစ် ဧပြီလ မှ သြဂုတ်လကုန်ထိ မောင်တောနယ်စပ်မှ ကြိမ်၊ ၀ါးတင်ပို့နိုင်မှုများမှာ ကြိမ် ၂၃ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၀၀၀ နီးပါးနဲ့ ၀ါးလုံး ၂၀၀၀၀၀ ကျော် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၀၀၀ ကျော်ဖိုးအသီးသီးတင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ ကြိမ် ၁ တန်ကို ကန်ဒေါ်လာ ၅၅၀ နှုန်း ရှိပြီး ၀ါးလုံး ၁ လုံးကို ၀ ဒသမ ၀၄ ဒေါ်လာ နှုန်းဈေးရလျက်ရှိပါတယ်။

Source: နကသ (မောင်တော)
KKCM