| နယ်စပ်ကုန်သွယ်မှုသတင်း (24 - 09 - 08) |
|
မြန်မာ-တရုတ်နယ်စပ်မှ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး၏ ၂၀၀၈ ခုနှစ် စက်တင်ဘာလ တတိယပတ် အထိ ကုန်သွယ်မှု့ပမာဏ ကျပ် ၃၆၂ ဒသမ ၅၅ သန်းဆောင်ရွက် နိုင်ခဲ့ကြောင်း သိရပါတယ်။ ပို့ကုန်ပိုင်းမှာ မိုးတွင်းကာလ လွယ်ဂျယ်-ဗန်းမော်ကားလမ်းအခက်အခဲကြောင့် ကြိမ် ၆၅ တန်နဲ့ ၀ဥခြောက် ၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် ပစ္စည်းတွေကတော့ ၁/၄၀ချည်၊ ၁/၂၁ ချည်၊ ၁/၂၁ချည်လုံး၊ နိုင်လွန်စပို့ရှပ်၊ ကလေးရှပ် အင်္ကျီ၊ ဂျင်းကုတ်အင်္ကျီ၊ ကျောပိုးအိတ်၊ ကလေးစောင်၊ ကလေးဦးထုပ်၊ မျက်နှာသုတ် ပုဝါတွေနဲ့ စတီးပစ္စည်း အမျိုးစုံတင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ |