စက်တင်ဘာလ ဒုတိယပတ်တွင် ကုန်သွယ်မှုတိုးတက်လာတဲ့ တမူးနယ်စပ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပို့ကုန်တန်ဖိုး ကျပ် ၇၆ သန်းကျော်၊ သွင်းကုန်တန်ဖိုး ကျပ် ၁၂ သန်းကျော် တင်သွင်းနိုင်တဲ့ အတွက် ကုန်သွယ်မှုပမာဏ ကျပ် ၈၈ သန်းကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလတူ သြဂုတ်လ ဒုတိယပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုင်ရင် ကုန်သွယ်မှုပမာဏ ကျပ် ၂၈ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အများဆုံးပို့ကုန်ပစ္စည်းတွေကတော့ နန့်ဖာလုံ အမယ်စုံများဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အုန်းသီး၊ ဓာတ်ဘူး၊ ထမင်းပေါင်း အိုး၊ မစီးကော်ကွင်းထိုးဖိနပ်၊ မီယာစောင်များဖြစ်ပြီး သွင်းကုန်ပစ္စည်းများကတော့ ပိုတက်ဓာတ်မြေသြဇာ၊ ယူရီးယားဓာတ်မြေသြဇာနဲ့ ဇီယာများ တင်သွင်းခဲ့ပါတယ်။ မိုးရာသီလမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကြားက ကုန်သွယ်မှုတွေ တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။
Source: နကသ(တမူး)
သန်းသန်းဆွေ
်
|