မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက စက်တင်ဘာလ ပထမ(၁၅)ရက်အတွင်း ကန်ဒေါ်လာ ၁၉ သိန်းကျော်တင်ပို့နိုင်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ဘက်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စက်တင်ဘာလ ပထမ (၁၅)ရက်အတွင်း ငါးမျိုးစုံ၊ အေးခဲ ကဏန်းပျော့၊ အေးခဲပုစွန်၊ ကင်းမွန်ခေါင်း၊ ရေငန်ပုစွန်၊ ပုစွန်ခြောက်၊ ခရုအသား၊ ငါးခြောက်၊ ငါးအသားလွှာ၊ အေးခဲငါး၊ ရော်ဘာ RSS-5နဲ့ သစ်ခွဲသားမျိုးစုံ တင်ပို့ရာ စုစုပေါင်း တန်ချိန် ၂၁၈၀ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ၁၉ ဒသမ ၅၂၆ သိန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ သြဂုတ်လ(၁၅)ရက်အတွင်းမှာ တန်ချိန် ၁၉၅၄ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ၁၆ ဒသမ ၄၄၂ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source: နကသ(မြိတ်)
ခင်မြနွယ်
်
|