ကော့သောင်းနယ်စပ်စခန်း စက်တင်ဘာ ပထမ (၁၅)ရက်အတွင်း ရေထွက်ကုန်တန်ချိန် ၁၂၀၀ ကျော်တင်ပို့နိုင်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ဘက်နိုင်ငံသို့ ကုန်ပစ္စည်း များ တင်ပို့ရာတွင် ရေထွက်ကုန်ပစ္စည်းကို အဓိကထားတင်ပို့လျက်ရှိရာ ၂၀၀၈ ခုနှစ် စက်တင်ဘာ ပထမ (၁၅)ရက် အတွင်း ရေထွက်ကုန်တန်ချိန် ၁၂၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၆ သိန်းနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပို့တဲ့ ရေထွက် ကုန်များကတော့ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ငါးဆားနယ်နဲ့ ခရု တို့ဖြစ်ပါတယ်။ ကာလတူဖြစ်တဲ့ သြဂုတ်လ (၁၅)ရက် အတွင်းမှာ ရေထွက်ကုန် တန်ချိန် ၇၀၀ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source:နကသ (ကော့သောင်း)
စိုးလှိုင်
်
|