တာချီလိတ်နယ်စပ်ကုန်သွယ်မှုတိုးတက်လျက်ရှိ။
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ကုန်သွယ်မှု ပမာဏကန်ဒေါ်လာ ၂ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး အနီးစပ်ဆုံး ကာလထက် ကန်ဒေါ်လာ ၆ သိန်း ကျော်နဲ့ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၃ သိန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
၂၀၀၈ ခုနှစ် သြဂုတ်လရဲ့ အများဆုံးပို့ကုန်များကတော့ ကျွန်းသစ်လုံး၊ ရွှေချည်ထိုးပြက္ခဒိန်၊ အုံတုံခေါက်၊ ကတ္ထူစက္ကူ၊ လမ်းခင်းကျောက်၊ ကော်ဖီစေ့၊ သနပ်ခါးမှုန့်၊ ဆေးပေါ့လိပ် နဲ့ ဖျင်ပိတ်ကြမ်းတို့ဖြစ်ပြီး အများဆုံးသွင်းကုန်များကတော့ ဘိလပ်မြေ၊ သွားတိုက်ဆေး၊ အမိုးပြား၊ ကော်ဖီမိစ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆင်ကြယ်ဖိနပ်၊ စတီးပစ္စည်းအမျိုးမျိုး၊ ပါကင်ကတ္ထူစက္ကူ၊ SS ကားတာယာ ၊ ကွန်ပေါင်းဓာတ်မြေသြဇာတို့ ဖြစ်တယ်လို့ သိရပါတယ်။
Source: နကသ (တာချီလိတ်)
KKCM
်
|