MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (16 - 09 - 08)

မူဆယ်နယ်စပ်မှ သြဂုတ်လနောက်ဆုံးပတ်ကုန်စည်အများအပြားတင်သွင်းခဲ့။

မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၀၀၈ သြဂုတ်လ နောက်ဆုံးပတ်မှာ တင်သွင်းခဲ့တဲ့သွင်းကုန် ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၅ သိန်းဖိုးရှိတယ်လို့သိရပါတယ်။ သွင်းကုန်ပစ္စည်းများကတော့ ကြွေပြား ၉၀၀ တန်၊ ကျောက်ပြား ၂၈၅ တန်၊ ဖယောင်း ၁၀၄၆ တန်၊ မြေဆီ ၁၉၀၉၂ တန်၊ မူလီနတ် ၆၇ တန်၊ ၀ရိန်ချောင်း ၁၃ တန်၊ မှန် ၅၂၀ တန်၊ ရော်ဘာပိုက် ၄၁ တန်၊ ကျောက်မှုန့် ၄၉၉ တန်၊ သံချောင်း ၂၁၆ တန်၊ သံပိုက်လုံး ၂၈၉ တန်၊ ဟင်ဂလိုင် ၂၅၀ တန်၊ ဂျုံစေ့ ၄၈၄၁၈ တန်၊ ကြိတ်သား ပြား ၁၈၀ တန်၊ ကျောက်ချဉ် ၁၃၂ တန်၊ အလူမီနီယမ် ၈၇ တန်၊ ကား(လေး) ၂၅၅ တန်၊ စတီးပြား ၁၁ တန်၊ စက္ကူ ၇၆ တန်၊ ချပ်စက္ကူ ၆၇၇ တန်၊ ဓာတ်ခဲကုန်ကြမ်း ၈၉ တန်၊ ဓာတ်မီး ၆၂၀၀၀ လက်၊ ဖိနပ် ၁၂၉၀၀၀ ရံ၊ ပန်းကန် ၅၉၇၈၂၀ ချပ်၊ ပန်းသီး ၆၁၈ တန်နှင့် နေကြာစေ့ ၈၃ တန် တို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Source: နကသ (မူဆယ်)
မော်မော်အောင်