MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (10 - 10 - 08)

တရုတ်နိုင်ငံမှ တိန့်ချွမ်း လိပ်ပြာတံဆိပ်နို့မှုန့်ထုတ်လုပ်မည်ဖြစ်။

ယူနန်ရှင်စိပေါင် သတင်းစာရဲ့ အောက်တိုဘာ ၆ ရက် ဖော်ပြချက်အရ နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်ခဲ့တဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းသောက်သုံးရာမှ ကလေးအများစု အဆိပ်သင့်ပြီး ဆေးရုံ တက်ရောက်ကုသမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယူနန်ပြည်နယ်၊ ကူမင်း ''ထေ့လန်'' နွားနို့လုပ်ငန်းကုမ္ပဏီမှ သတင်းလောကနဲ့ အများပြည်သူတို့ထံ တိကျသန့် ရှင်းတဲ့ နို့နှင့် နို့လုပ်ငန်းဆိုင်ရာ ပိုစတာကြော်ငြာများ ပထမဆုံးဆောင်ရွက်လာခဲ့ကြောင်း၊ ယူနန်ပြည်နယ်တွင် နို့နဲ့ နို့ထွက်ပစ္စည်းလုပ်ငန်း ကုမ္ပဏီပေါင်း ၃၄ ခု၏ ကိုယ်စားလှယ်ဖြစ်သူ မန်နေဂျာ စီကမ်းမှ ပြည်နယ်တွင် ထုတ်လုပ်သည့် နို့နဲ့ နို့ထွက်ပစ္စည်းပုံစံနမူနာများအား ပီကင်းဗဟိုစားသောက်ကုန် လုံခြုံမှုနဲ့ အရည်အချင်းစစ်ဆေး ရေးဌာနသို့ စစ်ဆေးမှု ခံယူခဲ့ရာ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိပြီး လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ကြောင်း၊ ထုတ်လုပ် မှုကဏ္ဍ၏ ၉၅ ရာခိုင်နှုန်းအား ခေတ်မီ ယန္တရားများဖြင့် ထုတ်လုပ်သည့်အပြင် ဒါလိမြို့အား ဗဟိုပြု၍ နွားသီးသန့် မွေးမြူတဲ့နယ်မြေသတ်မှတ်ပြီး တစ်ဆင့်ခံဖြန့်ဖြူးမှုမပြုဘဲ တိုက်ရိုက် ထုတ်လုပ်ခြင်းဖြစ်သဖြင့် မသမာသည့် စီးပွားရေး ထုတ်လုပ်မှုမှ လွတ်ကင်းပြီး စံချိန်စံညွှန်းပြည့်မီသည့် နို့ထွက်ပစ္စည်းများ သုံးစွဲနိုင်ခြင်းဖြစ်ကြောင်း၊ ဆမ်လုနို့မှုန့် အဆိပ်သင့်မှုကြောင့် ယူနန်တိန့်ချွမ်းလိပ်ပြာတံဆိပ်နို့မှုန့်အား အသစ်ထုတ်လုပ်မည်ဖြစ်ကြောင်းနဲ့ တစ်ဦးတည်း ''ကျမ်ကျင့်'' ကလေးသုံးစွဲသည့် နို့မှုန့်ထုတ်လုပ်မှု ရာဇ၀င်မှပယ်ဖျက်၍ တိန့်ချွမ်းလိပ်ပြာတံဆိပ် နို့မှုန့်အား ထုတ်လုပ်မည်ဖြစ် ကြောင်း သတင်းရရှိပါတယ်။
Source: နကသ (မူဆယ်)
မြင့်မွန်